Seokjin အဆောင်ပြန်ရောက်ရောက်ခြင်းပင် namjoon သူ့ဆီရောက်လာသည်.
"Joon လာလေ''
Namjoon သူ့ရှေ့က ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ရေ နွေးကို တခါတည်းမော့သောက်လိုက်သည်.
"Joon ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ''
ထိုစကားအဆုံးတွင် seokjin သည် namjoon သူ့
အား မကျေနပ်စွာကြည့်နေသော အကြည့်တို့နှင့်ဆုံလေ
သည်.မျက်မှောက်ကျုံ့ကာ ကြည့်နေသော namjoon
ကို သွားတန်းများပေါ်သည်အထိရီပြရင်း မျက်နှာချိုသွေး
နေသော seokjin..."အဲ့ အချိန်နာရီတွေကို မထိပါနဲ့လို့ မပြောခဲ့ဘူးလား''
အနည်းငယ်စိတ်ဆိုးချင်နေသော namjoon သည်
သက်ပြင်းချရင်း စကားဆိုသည်."တောင်းပန်ပါတယ် joon''
မျက်နှာငယ်နဲ့ သနားကမားရုပ်ဖြစ်နေသော seokjin
ကိုကြည့်ရင်း တရားတွေပင်ပေါက်ချင်လာသည်."အချိန်တွေ ကမောက်ကမ လုပ်လို့ ငါတို့ ဒဏ်ခက်ခံရ
လိမ့်မယ် jin''ဒီတခါတော့ သနားကမားရုပ်ကနေ အကြီးအကျယ်အံ့
သြ သွားသောပုံပြောင်းသွားသည်.
တက်လဲတက်နိုင်တဲ့ kim seokjin ရယ်ပါ..."ဘာအပြစ်လဲ joon''
"အပြစ်က တော်တော်ကြီးမဲ့ပုံပဲ.အခု ငရဲမင်းကြီးစီသွား
ဖို့ မင်းကို လာခေါ်တာ''"ဟင်....ငါသေတော့မှာလား joon''
ချက်ချင်းပင် ငိုမဲ့မဲ့ဖြစ်လာသော seokjin ကိုကြည့်ရင်း
Namjoon သက်ပြင်းချမိပြန်သည်.
ငါလဲ သက်ပြင်းချ လွန်းလို့ အသက်တိုမှာပဲ.."မင်းကို ဘယ်သူက သတ်မယ်ပြောလို့တုံး''
"မသတ်ဘူးလား''
Namjoon သက်ပြင်းထက်ချမိပြန်သည်.အရင်အချိန်
ပြန်မရောက်မချင်း သူစောင့်ရှောက်ရမည့်လူဖြစ်သော
ကြောင့် ရင်လေးမိသည်."လာ လိုက်ခဲ့ jin''
Namjoon ခေါ်သွားသော အိမ်ပုထဲသို့ seokjin ပါ
ဝင်လာလိုက်သည်.
စာအုပ်ပုံတွေကြားထဲမှ အဘိုးအိုတစ်ယောက် ထွက်လာ
သည်.
မုတ်ဆိတ်မွှေး အဖြူ ဖြင့် နီညိုညို အသားအရည်နှင့်ထို
အဖိုးအိုကို namjoon ဦးညွှန့်ကာ အရိုအသေပေး
လိုက်သည်.
ESTÁS LEYENDO
Stranger From Hell { complete }
Aventuraသာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လေးရဲ့ အကြောင်းကို သိသွားမလား...... သူကရော သူနေတဲ့အချိန်ဆီ ပြန်ရောက်ပါ့မလား... Kookjin,namjin,vmin,sope စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်💜 သာမာန္...