ဆော့ဂျင် ဒီနေ့ မင်းသားနှစ်ယောက်ကို စာသင်ပေရမှာ
ဖြစ်သောကြောင့် အနည်းငယ်စိတ်လှုပ်ရှားနေသည်."ဝင်ခွင့်ပြုပါ''
တံခါးခေါက်သံနှင့်အတူ ဝင်လာသော လူကြောင့် ဆော့
ဂျင် ကြောင်တောင်တောင်ဖြစ်သွားသည်."ပညာရှိ ဂျင် ကျွန်တော်က လောက်ထောက် ထယ်ယောင်းပါ.အရှင်မင်းကြီးက အမိန့်ပေးလို့ အခုကစပြီး
ပညာရှိဂျင် ရဲ့ လောက်ထောက်အဖြစ်တာဝန်ယူပေးမှာ
ပါ''ထယ်ယောင်း..တကယ်ပင် ဟိုဘဝက ဆရာဝန်ထယ်
ယောင်းနဲ့တူလွန်းသည်.အခုမှ သေချာတွေးမိတယ်..
မင်းသားငယ် ဂျီမင်လည်း အရင်ဘဝက ထယ်ယောင်း
ချစ်သူနှင့် ချွတ်စွတ်တူသည်.
ဆော့ဂျင် သူ့အတွေးနဲ့သူ ကျေနပ်စွာပြုံး လိုက်သည်"ပညာရှိ ဂျင် သွားရအောင်''
"လက်ထောက် ယောင်း ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးပဲ
ပြောပါ.လက်ထောက်ယောင်းက ခေါ်လို့မကောင်းဘူး
ယောင်းငယ်!. .အင်း ယောင်းငယ်လို့ခေါ်ရမယ်.အဆင်
ပြေလား''"ဟ..ဟင်..ဟုတ်''
ထယ်ယောင်းကတော့ ဆော့ဂျင်ပြောသမျှ ကြောင်တောင်တောင်ဖြစ်နေသည်.
================================
စာသင်နေချိန် ဂျီမင်းနဲ့ ထယ်ယောင်းမှာ အဆင်ပြေသ
လောက် အိမ်ရှေ့စံဖြစ်တဲ့ ဂျောင်ကုကတော့ သင်ရတာ
လက်ပေါက်ကပ်နေသည်."အိမ်ရှေ့စံ ကိန်းဂဏန်းတွေ သိရင် ပေါင်းနှုတ်မြှောက်
စားက လွယ်ပါတယ်''"ဘာကို လွယ်ရမှာလဲ.မောင်မင်းမသိဘူး.အဲ့ တုတ်ချောင်းတွေက ဘယ်လောက် အာရုံနောက်လဲဆိုတာ''
ဆော့ဂျင် စိတ်ကို အတက်နိုင်ဆုံး ဆွဲဆန့်ထားကာ အောက်နှုတ်ခမ်းကို အသာကိုက်လိုက်သည်.
စိတ်ရှိလက်ရှိသာဆို သူ့ရှေ့က အိမ်ရှေ့စံကို ဖြတ်ရိုက်မိ
မှာ အမှန်ပင်..
တိုင်းပြည် အုပ်ချုပ်ရမဲ့မင်းတစ်ပါးသည် လက်ရုံးရေနှလုံးရေ ပြည့်စုံရုံသာမက ရုပ်အဆင်းလဲတင့်တယ်ပါ
လျက် အဘယ်ကြောင့် သချာင်္တွက်ရာတွင် သောက်ကျိုး
နည်းအသုံးမကျလဲ မစဉ်းစားတတ်ပါ."အိမ်ရှေ့စံ စိတ်ရှည်ရှည်ထားပြီး နောက်တစ်ခေါက်
လောက်ပြန်ဖြေ ကြည့်ပါ''
![](https://img.wattpad.com/cover/230272619-288-k805056.jpg)
YOU ARE READING
Stranger From Hell { complete }
Adventureသာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လေးရဲ့ အကြောင်းကို သိသွားမလား...... သူကရော သူနေတဲ့အချိန်ဆီ ပြန်ရောက်ပါ့မလား... Kookjin,namjin,vmin,sope စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်💜 သာမာန္...