ep 12🤝🤝

586 88 15
                                    

ချယ်ရီတွေဝေဝေ ဆာဆာ ပွင့်နေသော တံတားလေး
ပေါ်တွင် seokjin ရောက်နေသည်။
တံတားပေါ်ကငုံ့ကြည့်နေသော ရေထဲတွင် ရွှေငါးများ
နှင့် တခြားအလှမွေးငါးလေးများ သည် ပျော်ရွှင်စွာ
ကူးခတ်သွားလာနေကြသည်။

"မင်းသားလေး''

ခပ်ရှရှ အသံနှင့်အတူ သူ့ဘေးတွင် ခန့်ညားသော အမျိုး
သားတစ်ယောက် ရောက်လာသည်။
ချယ်ရီပွင့်တို့သည် ထိုလူသားအသံကြောင့် ပိုမိုတိုးကြွေ
လျက်ရှိပုံ...

စူးရှသော နေရောင်ကြောင့် seokjin ထိုလူမျက်နှာကို
မမြင်ရပဲ သူ့မျက်နှာကို လက်များဖြင့်နေရောင်ကာလိုက်
သည်။
မျက်လုံးတစ်အားစူးစေသော နေရောင်ကြောင့် ထိုလူ
မျက်နှာအား seokjin မမြင်ရပင်မဲ့ သူလက်များအား
လာရစ်တွယ်သော ထိုလူ၏လက်များသည် ကြမ်းတမ်း
နေပင်မဲ့ နွေးထွေးနေသည်။

အစိမ်းရောင် ရိုးရာဝတ်စုံ နှင့် မြင့်မားစွာတည်ရှိသော
အရပ်အမောင်း သည် ထိုလူသားနှင့် အလွန်လိုက်ဖက်သေးသည်။
ရုတ်တရက် ဆွဲဖတ်လိုက်သော လူကြောင့် seokjin
သူ့ရင်ခွင်ထဲရောက်သွားသည်.

*နွေးလိုက်တာ*

"မြတ်နိုးနှစ်သက်ရပါတယ် မင်းသားလေး''

တွေးလက်စအတွေးတို့သည် ထိုလူသားပါးစပ်မှထွက်
လာသော စကားတို့ကြောင့်ကြောင်အသွားရပြန်သည်။

"Jin!!!!....''

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် seokjin
အိပ်နေရာမှ ဆက်ကနဲ ထထိုင်လိုက်သည်။

"အိမ်မက်လား''

ရင်ဘက်ကိုဖိရင်းခပ်တိုးတိုးငြီးမိတော့ ဘေးက namjoon ကမျက်မှောက်ကြုံကာ ကြည့်နေသည်။
ရေစိုလာလို့ ရေပြန်ချိုးပြီးထဲက သူအိပ်ပျော်သွားခြင်း
ဖြစ်သည်။

"Joon!!ငါအိမ်မက်မက်တယ်''

Namjoon က ဘာလဲဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်ပြတော့
seokjin ပုံစံသည် မကျေမနပ်ဖြစ်သွားသည်.

"Joon တကယ်ပြောတာ အိမ်မက်က ထူးဆန်းတယ်''

"ကဲဆိုစမ်းပါဦ.. ဘာတွေထူးဆန်းနေတုံး''

Namjoon သူ့ဘေးမှာဝင်ထိုင်တော့ seokjin မျက်
နှာသည် လိုချင်တာ ပူဆာနေသည့်ကလေးတစ်ယောက်
ပုံနှင့်တူနေသည်.

Stranger From Hell { complete }Tempat cerita menjadi hidup. Temukan sekarang