Ep 6🍜🍜

683 98 7
                                    

Yoongi ပလ္လင်ပေါ်က ဆင်းပြီးသူ့စီ လမ်းလျှောက်
လာတာနဲ့ အမှုထမ်းတွေအကုန် ခေါင်းငုံ့ထားသည်.
Jin ကတော့ အခုထိ ဘာတွေဖြစ်နေလဲ နားမလည်နိုင်
သေးပါ..ခေါင်းငုံ့ပြီး အရိုအသေပေးရမှန်းလဲမသိသေး

Jin ဘေးဘီဝဲကြည့်တော့ ရိုးရာဝတ်စုံဝတ်ထဲထားတဲ့
Jungkook....
ဟိုကတော့ သူ့ကို မှတ်မိတဲ့ပုံမပေါ်
ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အဆုံး ကြည့်ထားတဲ့ကိုရီး
ယားကားတွေထဲက လိုဥာဏ်များရန်ဆုံးဖြတ်လိုက်
သည်.ရုပ်ခံလေးရှိတော့ ဘာပြောပြော အဆင်ပြေမှာ
ပါ.ကို့ကိုယ်ကို တော့ အားပေးလိုက်သည်.

"အဟမ်း...''

သူ့အား မျက်တောင်မခတ်ကြည့်နေသော မင်းကြီးဆိုသူ
ကို ချောင်းဟန့်ကာ အသံပေးလိုက်သည်.

"မင်း ဘယ်ကလာတာလဲ''

မင်းကြီး အမေးကို ဘယ်လိုဖြေသင့်လဲ..အနာဂတ်က
လို့ပြောရမှာလား.မဖြစ်သေးပါဘူး.တော်ကြာခိုင်းစား
နေဦ မယ်.

"ကောင်းကင်ပေါ်က''

မတတ်နိုင်ဘူး..ဖောရှောရိုက်ရမှာပဲ.ယုံချင်ယုံမယုံချင်နေ
ဆောတီးပဲ မင်းကြီးရေ...

"ကောင်းကင်ပေါ်က ဆိုဘာလို့ ဒီအိုးထဲရောက်နေတာ
လဲ''

ဒီမင်းကြီးဟာ တော်တော်ရစ်ပါလား.ရုပ်ရှင်ထဲမှာဆို ဘာပြောပြောယုံပြီး နောက်ဆုံး မင်းကြီးတောင်ဖြစ်သွား
တာကို...မထူးတော့တဲ့အတူ ကို့ဇာတ်ကို နိုင်အောင်က
ရမှာပဲ seokjin ရေ

"ဘာလို့လဲဆိုတော့......ကောင်းကင်မင်းကြီးမကြိုက်တဲ့
အပြစ်လုပ်မိလို့ ဒီနိုင်ငံကို နယ်နှင်ဒဏ် ပေးလိုက်တာပါ
မင်းကြီး''

အဲ့မယ် ဟုတ်လှချည်လား..
.seokjin သူပြောချင်ရာ
ပြောပြီး ခေါင်းငုံကာ ပြုံးနေသည်.မင်းကြီးယုံအောင်
တော့ အပီလိမ်ရမည်.

Yoongi ကတော့ seokjin ကိုအထူးအဆန်းကြည့်
နေဆဲ.သူတင်မဟုတ် တစ်ခန်းလုံးကလူတွေလဲထိုနည်း
တူပင်...

"နတ်သားလား''

"ဟင်''

Yoongi စကားကြောင့် jin ခဏကြောင်သွားသည်.
အစကတော့ ဟုတ်တယ်ပြောချင်ပင်မဲ့ အစွမ်းတွေထုတ်
ပြခိုင်းနေရင် တိုင်ပတ်နေမှာစိုးလို့ အလှဆုံးပြုံးကာ

Stranger From Hell { complete }Donde viven las historias. Descúbrelo ahora