Part ( 7 )

7.5K 522 14
                                    

Don't go away...you're mine

Zawgyi

"ရိပေါ်...ခနနေဦး!!"

"ဘာလို့လဲ"

ဝမ်ရိပေါ် ကျန့်ကျန့်ကို နမ်းနေစဉ်မှာပဲ ရင်ဘတ်ကို တွန်းလာကာ တားမြစ်သံကြောင့် ရပ်လိုက်သည်။

"မကောင်းဘူးလားလို့"

"ဘာမကောင်းတာလဲ"

ကျန့်ကျန့်ပြောတာကို နားမလည်တာကြောင့် မျက်မှောင်ကျုံ့ လိုက်သည်။

"ငါတို့က အခုမှ ချစ်သူဖြစ်တာလေ။ဟိုဟာတန်းလုပ်မယ်ဆိုတော့ ငါက လွယ်လွန်းမနေဘူးလား"

"မလွယ်ပါဘူး။ငါတို့က သူစိမ်းတွေမှ မဟုတ်တာ"

"သူစိမ်းတွေ မဟုတ်ပေမဲ့လည်းကွာ ငါ တစ်မျိုးကြီးဖြစ်နေတယ်။အဆင်သင့် မဖြစ်သင့်ဘူး။နောက်တစ်ခါမှပဲ လုပ်မယ်လေကွာ...နော်နော်"

နှုတ်ခမ်းကို ရှေ့ချွန်ကာ ပြောနေသည်မို့ ဝမ်ရိပေါ်ကြည့်ပြီး
စိတ်ထဲ မရိုးမရွပိုဖြစ်လာသည်။

"အဲ့ သောက်နှုတ်ခမ်းကို ဆက်ချွန်ပြနေရင် ငါကိုက်ဆွဲမိလိမ့်မယ်နော်"

"အာ...မောင်ကလည်းကွာ!!"

What the hell......

"ဘယ်လို...ဘယ်လိုခေါ်လိုက်တာလဲ ကျန့်ကျန့်!!"

"ဟီးဟီး ရုပ်မြင်သံကြားက တစ်ခါပဲလွှင့်တယ် ပေါ်ပေါ်"

"မပြောပြရင် ငါလုပ်မှာနော်!!"

"ဟွန့်...သောက်လဥကောင်။
မောင်လို့ခေါ်လိုက်တာဟဲ့!!"

"ခေါ်ရင်လည်းချိုချိုသာသာလေးခေါ်လေ။ဘယ်လိုဖြစ်လို့ ဆောင့်အောက်ခေါ်နေတာလဲ"

"မောင်...မောင်...မောင်...မောင်ရေ ကျန့်ကျန့်ကို နောက်မှ
လုပ်ပါနော်။ကျန့်ကျန့် ကြောက်နေလို့ပါ...မောင်...နော်"

"ခွီး...ပြန်တော့ကွာ။အသံကိုက ရုံပတီးသီးဆီလောင်းထားတဲ့ အသံနဲ့"

"မင်းပဲ ချိုချိုသာသာပြောဆို!!!"

"အဲ့လောက်ထိ မချွဲခိုင်းဘူး။"

"မသာကောင် အဲ့မှာ အမျိုးမျိုးလုပ်နေလိုက်"

စိတ်ကောက်ပြီး နှုတ်ခမ်းချွန်ကာ ထထွက်သွားသည့်
ကျန့်ကျန့်ကို လက်ကပြန်ဆွဲထားလိုက်ပြီး ပေါင်ပေါ်ဆွဲတင်လိုက်သည်။

Don't Go Away , You're Mine [ Completed ]Where stories live. Discover now