Don't go away…you're mine
Zawgyi
ရှောင်းကျန့်က လီလီလေးကို သူမအတွက်ပြင်ပေးထားတဲ့အခန်းထဲ ထည့်ပေးခဲ့ကာ ပြောစရာရှိသည်ဆိုသော ဝမ်ရိပေါ်ကို
မိမိအခန်းထဲ ခေါ်လာခဲ့လိုက်သည်။"ပြော ရိပေါ်!!"
"အာ…ဖြည်းဖြည်းပေါ့ ကျန့်ကျန့်ကလည်း!
မင်းရုပ်ကြီးက သုန်မှုန်နေတော့ ငါပြောမထွက်ဘူး!!""အဲ့ဆို ရီပြနေရမှာလား!"
"ပြုံးပြုံးလေးနေလေ။မင်းက ပြုံးရင် အသေချောတာကို"
"ပြောစရာရှိတာသာ ပြောပါ။မပြောပြချင်လည်း ပြန်!
ကြိုက်တာရွေး!!""ကဲပါ…ပြောမယ် ပြောမယ်။ဒါပေမဲ့ မင်း စိတ်မဆိုးဘူးလို့
ကတိပေး!"လေကြောရှည်နေသည့် အရှေ့က ဂျပုကောင်ကို အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
"ဟို…ငါ လေ အိမ်မက်မက်တယ်သိလား!"
"ဘာမက်လို့လဲ!"
"ငါ့အိမ်မက်ထဲမှာ မင်းက…ဟို!!"
"ပြောစရာရှိတာ ပြောနော် ဝမ်ရိပေါ်!!"
"မင်းက ကိုယ်လုံးတီးနဲ့လို့!!!"
မျက်စိကို စုံမှိတ်ကာ အော်ပြောလိုက်တဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မျက်လုံးလေးပြူးကာ ခနမျှ ကြောင်သွားသည်။
"အင်း ကိုယ်လုံးတီးနဲ့ ဘာဖြစ်လဲ ဆက်ပြော!!"
"မင်းတစ်ယောက်တည်း မဟုတ်ဘူး…ငါရော!"
"အမ်"
"ဟုတ်တယ်။ပြီးတော့ ငါက မင်းကို……!!"
"ရပြီ တော်တော့!!"
ရှောင်းကျန့်ရဲ့မျက်နှာက နီရဲပြီး ပေါက်ထွက်တော့မယ့်အတိုင်းဖြစ်နေတာကြောင့် ဝမ်ရိပေါ် သဘောကျသွားသည်။ဒီကောင် အရှက်လည်း ကြီးပါ့။
"မင်းက ငါ ဆက်ပြောမှာကို သိလို့လား!!"
"မသိပဲ နေမလား။ငါတို့ ဖြစ်ခဲ့…"
အနားအရမ်းကပ်လာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ပြောလက်စ စကားတွေရပ်သွားကာ နီးကပ်နေတဲ့ ဝမ်ရိပေါ်မျက်နှာကိုပဲ စိုက်ကြည့်မိနေသည်။