Part ( 21 )

4.6K 302 11
                                    

Don't go away…you're mine

Zawgyi

ဓာတ်လှေကားထဲ ဝင်သွားတဲ့ ကျန့်ကျန့်အနောက်ကို အပြေးလိုက်လာသော်လည်း မမှီတော့ပေ။ဒါပေမဲ့ ကျန့်ကျန့်အိမ်ပြန်မှာ သိတာကြောင့် အခြားဓာတ်လှေကားကနေဝင်ပြီး အော်ထပ်ခလုတ်ကို နှိပ်ကာ ဆင်းလာခဲ့သည်။

အောက်ရောက်တော့ ကားပါကင်ရှိတဲ့နေရာကို အပြေးသွားပြီး ကျန့်ကျန့်ရှိမည့်နေရာကို လိုက်ရှာမိသည်။စိတ်ထဲမှာ ကျန့်ကျန့်စိတ်ဆိုးသွားမှာကို လုံးဝမလိုလားဘူး။

ဘာဖြစ်နေမှန်း မသိပေမဲ့ ရင်ထဲမှာ စို့နစ်နစ်ကြီးရယ်။ကိုယ့်သူငယ်ချင်း စိတ်ဆိုးမှာကို ကြောက်နေတဲ့စိတ်ကြီးက ဘယ်လိုမျိုးမှန်းကို မပြောပြတတ်ဘူး။

နောက်ကျောပြင်လေးကို တွေ့ လိုက်တာနဲ့ အဲ့ကားနေရာဆီသို့ လှမ်းလိုက်သည်။

"ကျန့်ကျန့်!!"

ကျန့်ကျန့်ဖြစ်နေသော်လည်း ကျွန်တော့်ကို တစ်ချက်မျှ လှည့်ကြည့်ပြီး ကားထဲဝင်သွားသည်။ကျွန်တော်လည်း တစ်ဖက်သို့ပြေးကာ လော့ချထားတဲ့ကားလေးထဲ ပြေးဝင်ထို်င်လိုက်သည်။

"မင်း ဘာလုပ်တာလဲ။အခုချက်ချင်း ကားပေါ်ကဆင်း!!"

"မဆင်းဘူး ကျန့်ကျန့်။
ငါ တောင်းပန်ပါတယ်နော်…ငါ့ကို စိတ်မဆိုးပါနဲ့!"

"အခုချက်ချင်း ငါ့ကားပေါ်ကဆင်းပြီး ကိုယ့်အခန်းကိုယ် ပြန်ပါတော့!!"

"ကျန့်ကျန့်!!"

"ဘာလဲ!!!"

"ငါ မင်းကို ထိုးမိသွားတာ ငါ တစ်ကယ်တောင်းပန်ပါတယ်။
ငါ လုံးဝ ရည်ရွယ်ချက်မရှိပါဘူး!"

"ရတယ်။မတောင်းပန်နဲ့!!"

"မင်းတို့ ဘယ်လိုဖြစ်ကြတာလဲဟင်"

"အခုမှ လာမေးမနေနဲ့။မဖြေချင်တော့ဘူး!!"

"ဟုတ်ပါတယ်။အစကတည်းက ငါ မေးသင့်တာ!"

"သူ့ ကိုလည်း ငါ တောင်းပန်တယ်လို့ ပြောပေးပါ။
အခု မင်းလည်း ငါ့ကားပေါ်က ဆင်းပေးပါ!"

"ကျန့်ကျန့်…မင်း တစ်ခုခုဖြစ်နေတယ်မလား။မင်းနဲ့ငါ့ကြားမှာ ငါမေ့နေတဲ့ အကြောင်းအရာများ ရှိနေလား!"

Don't Go Away , You're Mine [ Completed ]Where stories live. Discover now