Part ( 8 )

6.7K 427 20
                                    

🔞⚠️

Don't go away… you're mine

Zawgyi

အနမ်းတွေက တဖြည်းဖြည်း ပြင်းလာပြီး အသံရှူသံ မောဟိုက်သံတွေက ဘေးပတ်ဝန်းကျင်တစ်လျှောက်ပြန့်နှံ့လာသည်။

ကျန့်ကျန့်လည်း မောနေပြီဖြစ်တဲ့အတွက် ရိပေါ်ရင်ဘတ်ကို
အသာတွန်းကာ ကိုယ့်ကိုခွာစေသည်။

"မောင်…အင့်…ငါ မောနေပြီ"

ထိုအခါမှ ရိပေါ်က ပြန်လည်လွှတ်ပေးလိုက်ပြီး ကျန့်ကျန့်တစ်ကိုယ်လုံးကို ဆွေ့ ကနဲကောက်ပွေ့ လိုက်သည်။

"မောင်!!ငါ့ကို အောက်ချပေး။အန်တီတို့ တွေ့ သွားလိမ့်မယ်"

"တွေ့ ပါစေ။သူတို့က လက်ခုပ်တောင်တီးပေးနေဦးမှာ"

"ဘယ်သွားနေတာလဲ"

"အိပ်ခန်းထဲကို"

ကျန့်ကျန့်က မျက်နှာတစ်ခုလုံးနီရဲလာပြီး ရိပေါ်ကို ရိုက်သည်။
ချီသွားတဲ့ ရိပေါ်ကလည်း တဟားဟားအော်ရယ်နေတာကြောင့် ဝမ်ပါးနဲ့မားက ဘာဖြစ်နေတာလဲဆိုပြီး ထွက်လာကြည့်ကြသည်။

သားဖြစ်သူက သမက်လောင်းလေးကို မိန်းကလေးလို ပွေ့ ချီပြီး သူ့ အခန်းထဲကို ဦးတည်နေပြီမို့ လူကြီးပီပီ သဘောပေါက်လိုက်သည်။

"ဖေကြီးရေ…ရက်ကောင်းရက်မြတ်သာ ရွေးထားလိုက်တော့"

"နေပါဦး မေကြီးရာ။သူတို့က အခုချစ်သူတွေဖြစ်နေပြီဆိုတော့ လွတ်လွတ်လပ်လပ်ချစ်ပါစေဦး။အိမ်ထောင်ဆိုတဲ့ဟာကို
ချပြီး ဘဝထဲကို မတိုးဝင်ခိုင်းပါနဲ့ဦး"

"အင်းပါ။ကျွန်မလည်း ရိပေါ်ကို ကျန့်ကျန့်လေးနဲ့ပဲ သဘောတူလို့ပါ"

"အေးပါ အေးပါ။ဒါနဲ့ ကိုယ်တို့ကိစ္စလေး ပြန်ဆက်ရအောင်"

"ရှင်တော်တော်ဆိုး"

ရှက်ပြုံးလေးနဲ့ အခန်းထဲပြန်ဝင်သွားတဲ့ ဝမ်မားကို ကြည့်ပြီး
ဝမ်ပါးပါးကတော့ သူ့သားအတိုင်း အစ်မီ အပြုံးကြီးပြုံးကာ
နောက်မှ လိုက်သွားလေသည်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ဒီဘက်အခန်းထဲက ချစ်သူပူပူနွေးနွေးရထားတဲ့ ရိပေါ်က
သူ့ရဲ့အချစ်လေးကို မွေ့ ယာပေါ် ပက်လှန်တင်ထားကာ သူက
ဘေးမှ လက်ကိုခေါင်းမှ ထောက်ထားပြီး ဘေးစောင်းကာ
ကြည်နူးမှုမျက်လုံးတွေနဲ့ စိုက်ကြည့်နေသည်။

Don't Go Away , You're Mine [ Completed ]Where stories live. Discover now