Don't go away…you're mine
Zawgyi
"မောင် ငါတောင်းပန်ပါတယ်။ငါ အခုချက်ချင်း ပြန်ထွက်သွားပေးပါ့မယ်!!"
အချစ်ရဲ့ မျက်နှာလေးက လုံးဝပြိုကျသွားတော့မည့်ပုံ။ဒီလိုမြင်ရတော့လည်း သူမှသူဖြစ်နေတဲ့ နှလုံးသားလေးက တဆစ်ဆစ်ရယ်။
လှည့်ထွက်သွားတဲ့ အချစ့်ရဲ့ လက်လေးကို ပြန်ဆွဲထားလိုက်ပြီး နံရံကို ကပ်ပစ်လိုက်သည်။
"ငါ့ကို ဘာလို့ မောင်လို့ ခေါ်နေတာလဲ!!
"အာ…ဆောရီး အကျင့်ပါသွားလို့!"
"ဟိုအကောင့်ကို ဘယ်လိုခေါ်လဲ!"
"မပြောပြချင်ဘူး!"
"ဘယ်လိုခေါ်တာ မို့လို့လဲ!!!"
မောင့်ရဲ့ ဆောင့်အော်သံကြောင့် အသားတွေတောင် တဆက်ဆက်တုန်သွားသည်။အရင်တုန်းက အလိုလိုက်တတ်တဲ့ မောင်နဲ့ တစ်ခြားဆီပဲ။ကြောက်ဖို့ ကောင်းလာတယ်။
"မပြောပြနဲ့တော့! ဒီအတိုင်းပဲမေးလိုက်တာမို့လို့"
"အင်း"
"သွားတော့!"
အခြားတစ်ဖက်လှည့်ကာ ထွက်သွားတဲ့ မောင့်ရဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်တွေဝိုင်းနေတာ တွေ့ လိုက်တယ်။အဲ့ဒါတွေက ကျွန်တော့်ကို ချစ်သေးလို့ ဝမ်းနည်းစွာကျတဲ့ မျက်ရည်တွေလား။ကျွန်တော့်ကို မုန်းလွန်းလို့ နာကျည်းစွာကျတဲ့ မျက်ရည်တွေလား မောင်ရယ်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"အကို!!"
"အေး ကျန့်ကျန့်"
မတွေ့ တာကြာပြီဖြစ်တဲ့ အကိုလီရှန့်က တစ်နေရာရာမှာ တွေ့ ကြရအောင်ဆိုတာနဲ့ ဆိုင်တစ်ဆိုင်မှာ တွေ့ ဖြစ်ကြသည်။
"မတွေ့ တာကြာပြီ အကို!"
"ဟုတ်ပါ့။ကျန့်ကျန့်လည်း ဆိုးလာတယ်လို့ ကိုယ်ကြားတယ်နော်"
"အကို့လူတွေကယ်လို့။ဒါမှမဟုတ်ရင် ကျွန်တော်ဆေးဆွဲနေလောက်ပြီ"
"လူဆိုးကောင်!!!
ဒါနဲ့ ရိပေါ်က သူ့ လုပ်ငန်းမှာ တော်တော်အောင်မြင်နေပြီ"