Don't go away…you're mine
Zawgyi
"မောင့်အချစ်လေး!!"
"……"
"ဒီဘက်လှည့်ပါဦး!"
ဝမ်ရိပေါ်ကို အခန်းထဲခေါ်လာတဲ့ရှောင်းကျန့်က ကုတင်ပေါ်တက်ထိုင်လို့ ဝမ်ရိပေါ်ကို ကျောခိုင်းထားသည်။
"အချစ်ရေ…!!!"
ဝမ်ရိပေါ် ဘယ်လောက်ခေါ်ခေါ်ဒီနေ့ထူးဖို့ အစီအစဉ်မရှိတာကြောင့် ကိုယ်လုံးကို လှဲချလိုက်ပြီး စောင်ကို ခေါင်းမြှီးခြုံလိုက်သည်။
"မောင်နဲ့အဲ့စုရန်မက တကယ်ဘာမှမဟုတ်ပါဘူးကွာ!"
"……"
"အခုလည်း သူ့ ကို မောင်အပြီးပြောလိုက်ပြီ။
နောက်တစ်ခါ ဒီကိုလည်း လာမှာမဟုတ်တော့ဘူး!""တော်တော်လာစေချင်နေတယ်ပေါ့!"
စောင်ထဲက ရန်ပြန်တွေ့ နေသည့် ကျန့်ကျန့်အနားသို့ ကျွန်တော်သွားလိုက်သည်။ဘေးနားမှာ ကျွန်တော်ပါဝင်လှဲလိုက်ပြီး
စောင်ကိုလှန်ကာ အထဲသို့ တိုးဝင်လိုက်သည်။"ဘာလို့ဝင်လာတာလဲ။ထွက်စမ်း!!"
"အချစ်ကလည်း…မောင်က ချော့နေတာကို!"
"ချော့နေရအောင် ငါက စိတ်ကောက်နေလို့လား!"
"မသိဘူးလေ။အချစ်ကမှ မောင့်ကို စကားမပြောတော့တာ။
မောင် ဝမ်းနည်းတာပေါ့!"စောင်ထဲမှာမို့ ဝမ်ရိပေါ်မျက်နှာကို ရှောင်းကျန့်သိပ်မမြင်ရသော်လည်း တကယ့်ကို ပက်ပီရုပ်လေးဖြစ်နေမှာ အသေအချာ။
ငေးကြည့်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး အပေါ်ကနေ အုံ့မိုးလိုက်သည်။ရှုပ်နေတဲ့ စောင်ကိုပါ ခွာချလိုက်သည်။
ထိုအခါမှ ကျန့်ကျန့်ရဲ့မျက်နှာလေးကို ရှင်းရှင်းလင်းလင်းမြင်ရပြီး နဖူးစပ်လေးတွေမှာတောင် ချွေးလေးတွေ စို့နေသည်။
မေးဖျားလေးကို လက်မလေးနဲ့ပွတ်ဆွဲလိုက်သည်။"မောင့်အချစ်က ချောလိုက်တာ!"
ဝမ်ရိပေါ်က မျက်လုံးကို သေချာစိုက်ကြည့်ကာ ပြောနေသည်မို့ ရှောင်းကျန့်မနေတတ်။မျက်လုံးကို ဟိုဘက်ဒီဘက်ကြည့်ကာ အကြည့်လွှဲလိုက်သည်။