[Unicode]
မြူဇံသည် အိပ်ခန်းထောင့်တွင်ထိုင်၍ သူ့ရဲ့ဒိုင်ယာရီိစာအုပ်ကို ဖွင့်လေသည်။ စာရွက်တစ်ဝက်တိတိလှန်၍ စာမျက်နှာပေါ်က dateနှင့်စာကြောင်းလေးများကိုကြည့်ကာ နူတ်ခမ်းလေးကပိပိရိရိပြုံးမိ၏။ စာရွက်ဖြူဖြူပေါ်တွင် "မောင်"ဖြင့် အစချီ၍ မညီမညာစာလုံးများက မြူဇံအားပြုံးစေ၏။
*** မောင်......
ပထမဆုံးစတွေ့တုန်းက သားရဲ့မွေးနေ့လေ။ နှင်းတွေပထမဆုံးကျတဲ့နေ့ပေါ့။သူဟာ ရိုင်းစိုင်းပြီးကြောက်စရာကောင်းပေမယ့် သူ့ကိုမြင်လိုက်ရတဲ့အချိန် ကြောက်စိတ်များတွေထွက်ပြေးကုန်တယ်။ ရူးကြောင်ကြောင်နိုင်ပေမယ့် အဲ့နေ့မှာ သားဆုတောင်းမိတယ် သူနဲ့နောက်တစ်ခါပြန်တွေ့ပါစေလို့။***
ပထမစာပိုဒ်လေးကို မြူဇံအကြိမ်ကြိမ်ပြန်ဖတ်ခဲ့တာ ယခုတစ်ခါနှင့်ဆိုလျှင် ၁၀ကြိမ်ထက်မနည်းတော့ပေ။ မြူဇံဟာ ဒိုင်ယာရီရေးရသည်ကိုသဘောကျ၏။ အထူးသဖြင့် သူမြတ်နိုးသောအကြောင်းများဆိုလျှင် ကျေကျေနပ်နပ်ရေးသားသည်။ထိုဒိုင်ယာရီကိုပြန်ဖတ်တိုင်း ခုန်ပေါက်နေသောနှလုံးသားလေးနှင့် သူကြည်နူးရသည်။
***ထို့နေ့က မထင်မှတ်ဘဲ သူနဲ့ပြန်ဆုံခဲ့တယ်။ အဲ့နေ့က သားရဲ့စာအုပ်ဆိုင်လေးကိုသူလာပြီး သားနှလုံးသားကို နောက်တစ်ကြိမ်သိမ်းပိုက်နိုင်ခဲ့တယ်။ သားဆုတောင်းပြည့်သွားတာနဲ့တူတယ်။ သားရဲ့ကြိုးနီလေးက သူ့လက်ပေါ်မှာရှိနေတာ အရမ်းဝမ်းသာသွားတာပဲ။ အဲ့အချိန်ပျော်လွန်းလို့ ရင်တွင်းထဲကလာတဲ့စကားတစ်ခွန်းက "မောင်"ဆိုပြီးတော့ပေါ့။***
မြူဇံသည် မညီညာသောစာလုံးလေးများကို လက်ဖြင့်ထိ၍ မျက်နှာတစ်ခုလုံးပန်းရောင်သန်းနေ၏။ နူတ်ဖျားထက်တိုးတိုးလေး ရေရွတ်လိုက်သည်။ ဘာမှမသိသောစိတ်ရောဂါသည် တစ်ယောက်က ထိုသို့ရင်ခုန်တတ်သည်ဆိုတာ အံ့သြစရာဖြစ်နေသည်။ ထိုသို့ဒိုင်ယာရီများရေးတတ်မည်ဟု မည်သူထင်မိပါသနည်း။
"မောင်"
ထိုနာမ်စားကို မြူဇံအရမ်းနှစ်သက်သည်။ ထိုနာမ်စားလေးကို ခေါ်မိတိုင်း ရင်ထဲတွင်နွေးထွေးသလိုခံစားမိ၍ မြတ်နိုးမိသွားပြန်သည်။ ထိုလူသားလေးကို မြူဇံအလွန်သဘောကျနှစ်ခြိုက်မိသည်။ သို့သော်လည်း ထိုခံစားချက်ကို သူခေါင်းစဥ်မတပ်နိုင်သေးချေ။ မြူဇံသည် စာရွက်နောက်တစ်ရွက်လှန်လိုက်မိပြန်သည်။
ВЫ ЧИТАЕТЕ
[ကိုးလျ]ကိုးလ် [Complete]
Любовные романыလောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 2020.12.11 2021.6.9