[Unicode]
ကလောမြို့ရဲ့ အနောက်ဖက် တောင်ဆောင်းတွင် ဝင်လုဆဲဆဲနေလုံးကြီးအား ငေးကြည့်ရင်း နူးနူးညံ့ညံ့လက်ကလေးကို ဆုပ်ကိုင်ထားသည်။ သေးသွယ်သည့် လက်သူကြွယ်တွင် နေရာယူထားသော အဖြူရောင်စိန်လက်စွပ်လေးက ဒီလူသားကို သူပိုင်ဆိုင်ကြောင့်ပြောနေ၏။
ခွန်လီဒီဇိုင်းဆွဲပေးထားသော 8ဂဏန်းပုံစံ view point တွင် ကြင်နာသူရဲ့ကိုယ်လုံးလေးကို အနောက်ကသိုင်းဖက်ထားပြီး ဖြူသွယ်သောလက်ချောင်းများကို ကိုင်တွယ်နေ၏။ နှစ်ယောက်သားတိတ်ဆိတ်နေ၍ ညနေဆည်းဆားသို့ အကြည့်ရောက်နေကြ၏။
ပါးပြင်ထက်သို့တိုးဝေ့လာသော လေပြေနုအေးများကို သူမနာလိုစိတ်များဖြစ်မိ၏။ ဒီမြတ်နိုးရာလေးရဲ့ ပါးပြင်ကို သူတစ်ယောက်ထဲသာ ထိတွေ့ချင်သည်။ နူးနူးညံ့စွာ မျက်တောင်ခတ်ပြီး ရင်ခွင်ထဲတွင် ခိုဝင်နေသောကောင်ငယ်လေးကို ကြည့်ကာ သူကြည်နူးရသည်။ ဒီကောင်လေးက သူ့အပိုင်ဟု တွေ့မိတိုင်း အလိုလိုပျော်ရွှင်လာသည်။
လက်ထပ်ပြီးသည့်နေ့ကစပြီး ဒီကောင်ငယ်လေးအနားက သူမခွာချင်လောက်အောင်ဖြစ်နေသည်။ ကောင်ငယ်လေးကလည်း သူမှသူဖြစ်နေ၍ အလုပ်ကိုပစ်ထားတာလည်း လအနည်းငယ်ကြာနေပြီ။ ကျန်သည့်အရာများအားလုံး မေ့ချင်မေ့နေလိမ့်မည်။ကောင်ငယ်လေးက သူ့မျက်နှာမြင်သည်နှင့် ရယ်မော၍ ရင်ခွင်ထဲပစ်ဝင်သည့်လူ။
လုံလောက်ပြီ... ဒီကလေးကသူ့ကိုမှတ်မိသည်ဆိုသော အသိနှင့်ပင် လောကကြီးက အရမ်းကိုလှပနေပြီ။ တစ်နေ့က ကလေးငယ်ကို အရူးဟုပြောနေသည့် မြို့ထဲကလူကို သူထိုးကြိတ်ခဲ့သေးသည်။ ဒီမြတ်နိုးရာနှင့်ပတ်သက်လျှင် သူဟာအခုထိမရင့်ကျက်သေးသော လူဆိုးတစ်ယောက်ဖြစ်နေဆဲပါ။
"မောင်"
ဦးနှောက်မှတ်ဉာဏ်များ ကွယ်ပျောက်သွားသော်လည်း မောင်ဆိုသောလူကြီးကို ခေါ်ဖို့သူ့နှလုံးသားလေးက အမြဲတမ်းအမှတ်ရနေသည်။
"ပြော ဘေဘီ... မောင်ဘာလုပ်ပေးရမလဲ"
ပါးအိအိလေးကို နှာတံဖြင့်ဖိကပ်၍ သူတိုးတိုးလေးဆိုလိုက်သည်။ ဒီကောင်ငယ်လေး မပျော်ဘဲ နေမည်လား။ သူ့လူကြီးက သူ့အတွက် ကြယ်ပန်းများပင်စိုက်ပေးသည့်လူမျိုး။
VOCÊ ESTÁ LENDO
[ကိုးလျ]ကိုးလ် [Complete]
Romanceလောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 2020.12.11 2021.6.9