Unicode
နှမ်းခင်းဝါဝါများရဲ့နောက်တွင် အပြာရောင်တောင်တန်းကြီးများက နေရာယူထားသည်။ တိမ်ပြာများရဲ့ အောက်တွင် ရောင်စုံပန်းချီကားလိုလှပနေသော ရှူ့ခင်းများက စိတ်အေးချမ်းဖွယ်ကောင်းသည်။
လိမ္မော်ဖျော့ဖျော့အရောင်ဖြစ်သော ရှမ်းအင်္ကျီကို ဆင်တူဝတ်ထား၍ လူရှင်းနေသော စိုက်ခင်းကွင်းတွင် လမ်းလျှောက်နေကြသည်။ ရှမ်းဝတ်စုံ ဝတ်ထားသော ကောင်လေးအနောက်ကနေ အရပ်ထောင်ထောင်မောင်းမောင်းနှင့် လူတစ်ယောက်လိုက်ပါလာ၏။ ထိုလူက သူ့ရဲ့သက်တော်စောင့်ဖြစ်သည်။
လုပ်ငန်းကိစ္စအကုန်ရပ်ထား၍ သတင်းမီဒီယာများကို သက်ရှိူင်းနှင့်ပစ်ထားလိုက်သည်။ ထို့ကြောင့် မြူဇံနှင့်အတူ အောင်ပန်းမြို့နှင့် ဆီဆိုင်မြို့ကြားက ပန်းခင်းထဲသို့ အတူလည်ဖြစ်၏။ ဒီပန်းခင်းလေးက ကလေးပိုင်သည်ဟု ပြောပြလိုက်တော့ ကောင်ငယ်လေးက ဝမ်းသာသွားသည်ထင်။
ပန်းခင်းတစ်ခုလုံးကို အဝေးကနေကြည့်၍ သိမ်းပွေ့လိုက်သည်။ ပန်းခင်းထဲတွင်လာကတည်းက မြူဇံပြုံးပျော်နေ၍ စိတ်ညစ်စရာများမရှိတော့။ လေးလေးကတော့ တားပါသည်။ မြူဇံနေမကောင်းသေးဘဲ ခရီးမထွက်ရန် အကြိမ်ကြိမ်ပြောနေသော်လည်း အထုပ်အပိုးယူကာ ထွက်ဖြစ်အောင်ထွက်လာကြသည်။
ဆင်တူဝတ်စုံမဝတ်ခဲ့ဖူး၍ ရှမ်းဝတ်စုံကြောင့် မြူဇံက အပြုံးမပျက်။ ကိုးလ်ရဲ့လက်မောင်းကို ဖက်တွယ်ထားပြီး ခုန်ဆွခုန်ဆွနှင့် ပန်းခင်းထဲလျှောက်နေ၏။ မြူဇံ့ကိုကြည့်ရင်း လွန်ခဲ့သောအတိတ်များကို သတိရမိသွားသည်။ အစိမ်းရောင်တောထဲကို ယောင်ချာချာရောက်လာတိုင်း ကိုးလ်ကပဲ သူ့ကိုအိမ်ပြန်ပို့ပေးနေကျ။
အိမ်အပြန်လမ်းတွင်လည်း မြူဇံဟာငြိမ်ငြိမ်လေးနှင့် လိုက်မလာခဲ့။ ခုန်ဆွခုန်ဆွနှင့် ကိုးလ်ရဲ့ပုခုံးကိုတိုက်၍ လိုက်ပါလာသည်။ တစ်ခါတစ်ရံလမ်းဘေးရှိ ချုံကြားတွင် ဟိုရှာဒီရှာနှင့် လုပ်နေသောကြောင့် သူ့ကိုပြန်ပို့သည့်လမ်းတွင် ကိုးလ်ဒေါသထွက်ခဲ့ဖူးသည်။ စိတ်တိုလို့ ဆူလိုက်လျှင်လည်းသူက...
ВЫ ЧИТАЕТЕ
[ကိုးလျ]ကိုးလ် [Complete]
Любовные романыလောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 2020.12.11 2021.6.9