ကျေးငှက်များက အသံတစာစာပေး၍ ရောင်နီလာမည့်အချိန်ကို စောင့်ကြိုနေကြသည်။ ကလောတွင် အလှပဆုံးအချိန်က တိမ်ပင်လယ်များရှိသည့် မနက်ခင်းအချိန်ဖြစ်သည်။
View pointနေရာ ကောင်းကောင်းများဆီသို့သွားနေစရာမလို။ အစိမ်းရောင်တောက တောင်ကုန်းဖြစ်နေသောကြောင့် တိမ်ပင်လယ်ကြည့်၍ကောင်းသော နေရာဖြစ်သည်။ သို့သော်လည်း နိုင်ငံအသီးသီးအားထိုးဖောက်နိုင်ရန်အတွက် အဆင့်မြင့် View pointထပ်ဆောက်ရန် အစိမ်းရောင်တော ရှယ်ယာဝင်များက စိတ်အားထက်သန်နေကြသည်။
"အင့်...အင်း"
လည်ပင်းနာနေသောကြောင့် ဘုန်းယံချွန် အကြောဆန့်ပြီးခေါင်းထောင်လာသည်။ လေးလံသောမျက်ခွံများကို အားယူဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်တွေ့လိုက်သည်က ထင်းရှူးပင်များဖြစ်နေသည်။
"ဟာ..မနေ့ညက ဒီမှာအိပ်ပျော်သွားတာကို..။ Boss! ဟုတ်တယ် bossစိတ်ဆိုးသွားလို့ ငါ့ကိုမနိုးဘဲ ထားခဲ့တာလား"
ဘုန်းယံချွန်အမြန်ထ၍ အခန်းတံခါးဖွင့်သင့်လား မဖွင့်သင့်ဘူးလားတွေဝေနေ၏။ တံခါးအရှေ့တွင်ပဲ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတော့၏။
တစ်ဖက်တွင်တော့...
အိပ်မောကျဆဲ လူသားနှစ်ယောက်သည် မနေ့ညအတိုင်း ပုံစံမပျက်ဘဲ လက်များအချင်းချင်းဆုပ်ကိုင်ထားနေဆဲပေ။ တစ်ညလုံး အေးချမ်းစွာနှင့် အိပ်ပျော်သွားကြသည်။ နှစ်ယောက်လုံး ယခုအထိမနိုးသေးဘဲ အိပ်ပျော်နေဆဲပင်။
မနက်၇နာရီရှိလေပြီ။ အစောင့်များက အချိန်မှန်ရောက်လာနေကျဖြစ်သောကြောင့် ယုန်လေးများဟာလည်း သူတို့၏သခင်လေးအား အစောင့်မလာခင် နိုးတတ်၏။ သို့သော်လည်း ယနေ့တွင် အစောင့်များလည်း လာရန်မေ့၍ ယုန်လေးများဟာလည်း သခင်လေးအားနိုးရန်မေ့နေကြ၏။
"အင့်...အင်း"
၁၅မိနစ်ကြာပြီးနောက် ပထမဆုံးလူးလွန့်နိုးလာသူက မြူဇံဖြစ်နေ၏။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ နံဘေးနားတွင် အိပ်မောကျနေဆဲ လူကြီးတစ်ယောက်ကြောင့် လန့်သွားဟန်ဖြင့် ဖြေးဖြေးချင်း ရှောင်လိုက်သည်။
ВЫ ЧИТАЕТЕ
[ကိုးလျ]ကိုးလ် [Complete]
Любовные романыလောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 2020.12.11 2021.6.9