Part-26

16.5K 1.8K 176
                                    

Unicode

ခွပ်!

"အား!! "

အရှိန်ပြင်းပြင်းဖြင့် လာထိသောလက်သီးကြောင့် မိုကာနှလုံးပင်အောက်သွားသည်။ ကြေးစားနောက်လိုက်၍ လမ်းထောင့်တစ်နေရာတွင် အချောင်တိုက်ခံရခြင်းဖြစ်သည်။ လက်မောင်းနှစ်ဖက်လုံး ဓားကြောင့်ဒဏ်ရာရနေသော်လည်း မိုကာကခေသူမဟုတ်။

လေ့ကျင့်ခဲ့ဖူးသည့် ကိုယ်ခံပညာကနည်းသည်မဟုတ်။ ပြီးခဲ့သည့်အရေးအခင်းကြောင့် လိုက်စုံစမ်းနေရသောကြောင့် ကိုးလ်၏အနားတွင်စောင့်ရှောက်ချိန်ပင်မရခဲ့။ သို့သော် တရားခံဟာ ဘွန်းဆိုသောလူမိုက်ခေါင်းဆောင်ကြီးဖြစ်နေသည်။

"ဖြောင်း!"

မိုကာ၏ ရိုက်ချက်ကြောင့်ထိုလူဆိုး ထွက်ပြေးသွားတော့သည်။ မိုကာတိတ်တိတ်လှုပ်ရှားနေသည်ကို ထိုဂိုဏ်းကရိပ်မိနေသည့်ပုံပေ။ မိုကာ၏ အကြောင်းများကိုလည်း စုံစမ်းထားနေလိမ့်မည်။

"ကလေး မင်းကိုခေါ်လာမိတာ တောင်းပန်ပါတယ်"

အိတ်ကပ်ထဲတွင်ဗူးအသေးဖြင့် ထည့်လာသော မြေအောင်းပင့်ကူအားထုတ်၍ ပြောလိုက်သည်။ ပင့်ကူမျိုးစိတ်ထဲတွင် မြေအောင်းပင့်ကူဟာ အဆိပ်ပြင်းဆုံးပင့်ကူဖြစ်သကဲ့သို့ ရန်အထောင်တတ်ဆုံးပင့်ကူဖြစ်သည်။

ထိုအကောင်ကို မြောက်ကိုးရီးယားအထိသွားရောက်ရှာဖွေခဲ့၍ အဆိပ်မထုတ်ပဲ ပြုစုစောင့်ရှောက်ခဲ့သည်။ တစ်ခြားမျိုးစိတ် ပင့်ကူများဟာ အဆိပ်ထုတ်ပြီးလျှင်လည်း အသက်ရှင်နိုင်သည်။ မြေအောင်းပင့်ကူများဟာ အဆိပ်ထုတ်သည်ဖြစ်ဖြစ်၊ သွားနှစ်ဖက်ကိုချိုးလိုက်မိသည်ဖြစ်ဖြစ် ချက်ချင်းသေသွားတတ်၏။

ထို့ကြောင့် ထိုပင့်ကူလေးက မိုကာအတွက်တန်ဖိုးအရှိဆုံးပင့်ကူဖြစ်နေသည်။ အကောင်ကြီးသလို အဆိပ်ထုတ်ပေးသည့်အခါ အများကြီးထွက်သောကြောင့် ပိုဂရုစိုက်ရခြင်းဖြစ်သည်။ မိုကာ၏အိပ်ခန်းထဲတွင် မှန်ထဲထည့်၍မွေးထားသည့် ပင်ကူမျိုးစိတ်များက မနည်းမနှောရှိနေ၏။

အခြားပင့်ကူဆုံးရှုံးရမည်ဆိုလျှင်တောင် ယခုအနားခေါ်ထားသည့် မြေအောင်းပင့်ကူကိုတော့အဆုံးရှူံးမခံနိုင်ပေ။ ထိုပင့်ကူအဆိပ်ထိမိလျှင် ငါးစက္ကန့်မျှသာ ခံနိုင်၍အဆိပ်က တစ်ကိုယ်လုံးပျံ့နှံ့ကာ သေသွားတတ်သည်။

[ကိုးလျ]ကိုးလ် [Complete] Место, где живут истории. Откройте их для себя