Part-30 Finale

26.6K 1.8K 179
                                    

ဝုန်း!!

မီးထလောင်သည့်အခါ မီးပွားစများနှင့်အတူ သူ၏ခြေလှမ်းများယိုင်လှဲသွားသည်။ မျက်ဝန်းအိမ်ထဲပြည့်တက်လာသော မျက်ရည်စများကြောင့် လမ်းမအလယ်တွင် လူဘယ်နှစ်ယောက်စုမြုံနေမှန်းသေချာ မမြင်ရ။ မွန်းကျပ်လာသည့် ရင်ဘက်ကြောင့် အသက်ရှူ ၍ပင်မဝတော့။

ခြေလှမ်းကိုအားယူ၍ လူစုအနားသို့လျှောက်လိုက်သည်။ မဖြစ်နိုင်ဘူး ဆိုသည့်အသိကြောင့် မျက်ရည်ကိုခံပြင်းစွာ လက်ခုံးဖြင့်သုတ်လိုက်ပြီး မျက်လုံးကိုရှင်ရှင်ထားလိုက်သည်။

"သနားစရာ ကောင်းလိုက်တာ အသက်ငယ်ငယ်လေးရှိသေးတာပဲ"

လူတစ်ချို့ရဲ့စကားသံကြောင့် သူကြည့်ရန် တွန့်ဆုတ်သွားသည်။ အရေးပေါ်ကားသံ တဝီဝီမြည်နေသည့်ကြာက ကောင်းကောင်းပင်အသက်မရှူနိုင်ခဲ့။

"သား...သားလေး ဘာဖြစ်သွားသေးလဲ"

"ဘာမှမဖြစ်ဘူး ဖေဖေရော လက်မှာသွေးတွေထွက်နေတာပဲ"

လမ်းဘေးတွင် ကြားနေရသောစကားသံကြောင့် သူအမြန်လှည့်ကြည့်လိုက်သည်။ ထိုအခါမှ ရင်ထဲရှိအပူလုံးက ယူပစ်သလိုကျပျောက်သွားတော့၏။ လမ်းဘေးတွင် ထိုင်နေသော သားအဖနားသို့ အမြန်လျှောက်ပြီး ကောင်လေးကို ထွေးပွေ့လိုက်သည်။

"တော်သေးတာပေါ့...တော်သေးတာပေါ့ မောင့်ကိုပစ်ထားခဲ့ပြီလို့ထင်နေတာ"

"မောင်...ဟင် ငိုနေတာလာ၊ ဘာဖြစ်တာလဲ"

ဦးဇံလင်းသည် သူနှင့်မြူဇံကိုကြည့်၍ နားမလည်။ ပြီးတော့ အဘယ်ကြောင့် ရင်းရင်းနှီးနှီးခေါ်ဝေါ်နေကြသနည်း။

"ကလေး ဘာမှမခိုက်မိဘူးမလားဟင်...ဘယ်နားနာသေးလဲ"

မြူဇံ့ကိုဆွဲခွာ၍ ခေါင်းအစ၊ခြေအဆုံးစိုက်ကြည့်ပြီး ဘာမှထိခိုက်မှုမရှိသည့်အခါမှ သူသက်ပြင်းချနိုင်တော့သည်။ တော်ပါသေးရဲ့... တော်ပါသေးရဲ့ဟု စိတ်ထဲတွင် အကြိမ်ကြိမ်ကျေးဇူးတင်မိ၏။

"မောင်တို့အိမ်ပြရအောင်..."

ပုံမှန်မဟုတ်သည့် သူ့ရဲ့ပုံစံကတစ်စုံတစ်ရာကို အကြောက်လွန်နေသည်။ ဘေးကလူများကို ဂရုမစိုက်နိုင်ဘဲ ကလေး၏လက်ကို တင်းတင်းဆုပ်ကိုင်ထားလျက်။

[ကိုးလျ]ကိုးလ် [Complete] Место, где живут истории. Откройте их для себя