Chapter 2

33 3 0
                                    

#Unicode

'အိမ်မက်ကလေးထဲမှာမင်းနဲ့ကိုယ် အမြဲဆုံချင်တယ်....
အပြင်မှာတို့ဘဝတွေဝေးရရင်ဝေးပေါ့ချစ်လေး...'

ရသော်ပျို အင်္ကျီချုပ်နေချိန် အားသွင်းထားသော သူမ၏မောင်ဖြစ်သူ စွဲညို့မာန် ဖုန်းRingtoneသံမြည်လာလေသည်။ ရသော်ပျို ချုပ်လက်စ အထည်ကိုချ၍ ရပ်ကွက်ထဲရှိ ကလေးများနှင့် ဆော့နေသော စွဲညိုမာန်အား
'မောင်လေးရေ နင့်ဖုန်းလာနေတယ် '
'ဟုတ်မမ လာပြီ'

'ဟယ်လို ကျွန်တော် စွဲညို့မာန် ပြောနေပါတယ်'
'ဟုတ်ကဲ့ M&W Fashion ဆိုင်ကပါဗျ'
'သြော်ဟုတ်ဗျ'
'အင်တာဗျူး အောင်ပါတယ် အလုပ်ကို လာမယ့် တနင်္လာနေ့လာပေးပါဗျ'
'ဗျာ တကယ်လားဗျ '
'ဟုတ်ကဲ့ဗျ '
'ကျေးဇူးပါဗျ '
စွဲညို့မာန် ဖုန်းချပြီး အစ်မဖြစ်သူထံပြေးသွားပြီး
'မမရေ သား အလုပ်ရပြီဗျ အလုပ်ရပြီ'
'တကယ်... ဒါမှ ရသော်ပျိုရဲ့ မောင်လေး '
'မမ သား ဖြူနု ကိုသွားပြောလိုက်ဦးမယ်'
'ဖြေးဖြေးသွားနော်'
'ဟုတ်မမ'

######################################

'ဖြူနုရေ ဖြူနု'
'လာပြီ မာန်ရေ'
'နင့်ကို Fashion ဆိုင်ကဖုန်းဆက်လား'
မေဖြူနု ဘာမှမပြောပဲ ငြိမ်သက်နေလေသည်။
'ဟဲ့ ဖြူနု ငါမေးတာဖြေလေ ဖြူနု
ဘာလဲ နင့်အလုပ်မရဘူးလားအဲဒီမှာ
နင်အဲမှာ အလုပ်မရရင် ငါလဲမလုပ်ဘူး'
မေဖြူနု တစ်ယောက် စွဲညိုမာန်ရဲ့ ကလေးတစ်ယောက်လို့ မျက်ရည်ဝဲပြီး ပြောဆိုနေတာကိုကြည့်နေရင်း
'ဟီးဟီး ငါအလုပ်ရတယ် '
'မသာမကြီး ငါကနင်အလုပ်မရဘူးထင်ပြီး ငိုနေရတာ ငါမျက်ရည်တွေနှမြောလိုက်တာ '
'အေးပါ ကျသွားတဲ့မျက်ရည်အတွက်ရေတိုက်မယ် '
' ရေကတော့ ငါအိမ်မှာလဲရှိတယ် မသောက်ဘူး'
'အမလေးဟယ် ကပ်ကပ်ကိုလန် နေတာပဲ အအေးတိုက်မှာပါ'
'အဲတာဆို သောက်မယ် '
'မတိုက်ဘူးဟာ'
'ဟဲ့ နေဦး အသံကြားလား '
'ဘာသံလဲ '
'နင့်အမေအသံလေ ငါကိုခေါ်နေတာ
လာပြီလာပြီအန်တီရေ'

'ဟဲ့ စွဲညိုမာန် နင်ကလိမ်မကျနဲ့ ငါအမေ စျေးသွားတယ်'
'မသိဘူးဟာ ငါအအေးသောက်ချင်လို့ပါဟာ နော်နော်နော်...'
'နင်ဟာလေ မသိရင် နင့်အစ်မက အငတ်ထားတာကျနေတာပဲ
အစားအသောက်မြင်ရင် စားချင်နေတာ လူလေးနဲ့မလိုက်ဘူး'
' မတိုက်ဘူးလား'
' မုန့်ပါကျွေးမယ် မနေ့က နင်ကြိုက်တဲ့ ချောကလက်ဝယ်ထားတယ်ရေခဲသေတ္တာထဲမှာသွားယူစား ငါဧည့်ခန်းမှာလုပ်စရာရှိသေးတယ် '
'ဟုတ်ကဲ့ပါဗျ '
'စားချင်တာစားနေရရင် ရုပ်က '
စွဲညို့မာန် ချောကလက်နဲ့ အအေးယူကာ ဧည့်ခန်းထဲထွက်လာခဲ့သည်။
'ဟဲ့ ဖြူနု နင်ဘယ်နေရာမှာအလုပ်ရတာလဲ '
'Saleလေ '
'ငါကကျတော့Cashier တဲ့
နင်နဲ့အတူတူမလုပ်ရဘူးပေါ့နော်'
'ဟဲ့ ငတုံး ငါတို့က တစ်ရုံးတည်းလေ ငါ့ရဲ့ ဒီမျက်နှာကြီး မမြင်ချင်ရင်တောင် မြင်ရမှာ'
'ဟုတ်သားပဲ
ဒါနဲ့ နင်အမေပြန်မလာသေးဘူးလား'
'နင်ကလဲမသိတာကျနေတာပဲ ငါအမေစျေးသွားရင် သူ့သူငယ်ချင်းတွေနဲ့တွေ့ရင် မုန့်ဟင်းခါးဆိုင်ထိုင်သေးတယ်လေ '
'အင်း ဟုတ်သားပဲ
အဲတာဆို ငါပြန်တော့မယ် '
'အေးအေး ဂရုစိုက်ပြန်နော် '
'အေးပါဟ'
'သြော် ဒါနဲ့ မာန် တနင်္လာနေ့ကျရင် ငါလာခေါ်မှာနော် အိပ်ပျော်မနေနဲ့'
'အေးပါ '

"Never Let Me Go"Where stories live. Discover now