Chapter 6

15 1 0
                                    

#Unicode

' နေသော် '
' အင်းပြောလေ '
' ငါအဖေက ဝန်ထမ်းတွေထဲက အလုပ်ပေါ် အာရုံအထားဆုံး စိတ်ပါဝင်စားစွာလုပ်တဲ့သူ၂ဦးကိုဆုချမယ်တဲ့ အဲတာမင်းသေချာစောင့်ကြည့် ထားပေးဦး '
' အေး အေး ငါကြည့်ထားလိုက်မယ်
ဦးလေးက ဆုချမယ်ဆိုတော့ မင်းကို ယုံကြည့်လာပြီထင်တယ်ကွ '
'အင်း အဲလိုပဲပြောရမယ် ငါတို့​​ကျောင်း နောက်ဆုံးနှစ်တုန်းက ကိစ္စတွေကြောင့် ငါဆေးစွဲခဲ့တုန်းကစပြီး ငါ့အဖေငါအပေါ်ယုံကြည့်မှု မရှိတော့တာ '
' မင်းပြောတာက နေခြည်နွေး ကြောင့်လား '
' အင်း ငါ့အဖေမိတ်ဆက်ပေးခဲ့တဲ့ အဖေသူငယ်ချင်းသမီး သူကိုလှည့်စားခဲ့တယ် အဲကိစ္စတွေကြောင့်အဖေလဲ....'

စျာန်နှိုင်းနောင်တို့ စကားပြောနေစဥ် တံခါးခေါက်သံနှင့်အတူ

' ဒေါက်...ဒေါက် '
' ဦးနောင် ကျွန်တော်ဝင်ခဲ့မယ်နော် '
' ဝင်ခဲ့ '
' ဦးနောင်အတွက် ကော်ဖီလာပို့တာပါ '
' အင်းချာတိတ် '
' ဟုတ် ကျွန်တော်သွားလိုက်ပါဦးမယ် '
' နေဦး နေ့လည်ထမင်းစားချိန် ကျရင်နောက်တစ်ခွက်လာပို့ပေး '
' ဦးနောင် '
' အင်း '
' ကျွန်တော်တစ်ခုလောက်ပြောလို့ရမလား ဆရာလုပ်တာမဟုတ်ဘူးနော် '
' အင်းပြောကြည့်လေ '
' နေ့လည်ထမင်းစားချိန်ကို ကျွန်တော် ဦးနောင်ကို ကော်ဖီမသောက်စေချင်ဘူး ကော်ဖီက သောက်တာများရင် ဦးနောင်အတွက် ကျန်းမာရေးထိခိုက်နိုင်တယ် အကယ်၍ ဦးနောင်တစ်ခုခုသောက်ချင်ရင် ကျွန်တော် သံပုရာရည်ကို ထမင်းစားပြီးချိန် ဖျော်ပေးပါမယ် နေ့လည်ဘက်ခေါင်းကြည့်စေလိမ့်မယ်လို့ ကျွန်တော်အာမခံပါတယ် '

စျာန်နှိုင်းနောင် တစ်ယောက် အမောတကော ရှင်းပြနေတဲ့ စွဲညို့မာန်ကို ကြည့်ကာ ပြုံးနေလေသည် ။ ထိုအချိန် ဘေးမှာ ရှိနေသော နေသော်တာရှိန်က စျာန်နှိုင်းနောင် အပြုံးတွင် အချစ်အငွေ့အသက် ကလေးများကိုတွေ့လိုက်ရလေသည် ။
' အင်း အဲတာဆို အဲတိုင်းပဲလုပ်ပေး '
' ဟုတ်ကဲ့ '

စွဲညို့မာန် ထွက်သွားပြီးနောက်

' စျာန်နှိုင်း '
' အင်းပြောလေ '
' မင်း နေခြည်နွေးကို မေ့နိုင်ပြီလား '
' ငါ့ရဲ့ အချစ်ဦးဆိုတော့ မေ့ချင်ပေမယ့် မေ့မရဘူး ဘာလို့မေးတာလဲ '
' မင်းယောက်ျားလေးတစ်ယောက်ကို ချစ်မိသွားနိုင်မယ်ထင်လား '
' ဘာလို့လဲကွ တစ်ခါမှတော့ တွေးမကြည့်မိဘူး '
' ငါတစ်ခု​မေးမယ် မင်း စွဲညို့မာန်ကို အင်တာဗျူးတဲ့နေ့ကိုမှတ်မိလား '
' အင်းမှတ်မိတယ်လေ '
' မင်း အဲနေ့ကစပြီး ဒီနေ့ထိ မင်းသူကိုကြည့်လိုက်ရင် ဘယ်လိုခံစားရလဲ '
' ဘယ်သူကိုလဲ '
' စွဲညို့မာန် ကို '
' မသိဘူးကွ သူကိုကြည့်လိုက်ရင် အပြစ်ကင်းစင်ပြီးကလေးလိုပဲ '
' မင်း သူကိုကြည့်တဲ့အကြည့်တွေကို ငါမြင်ရသလောက် အချစ်အငွေ့အသက်လေးတွေ ပါနေတယ် '
' ငါမသိတော့ဘူးကွာ '
' အေးပါ အေးပါ မင်းဘာလုပ်လုပ်ငါကို တိုင်ပင်ဦး ငါက မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတာ မမေ့နဲ့ '
' အေးပါ ငါအခုကော်ဖီသောက်လိုက်ဦးမယ် '

"Never Let Me Go"Where stories live. Discover now