#Unicode
'မာန် '
'အွန်းပြောလေ ဖြူနု'
'ကိုစျာန်က မိုက်တယ်နော်'
'ဘာမိုက်တာလဲ'
'သြော် ချောတယ် အဲတာပြောချင်တာ'
'မသိဘူးလေဟာ '
'နင်ရောဘယ်လိုမြင်လဲ'
'အွန်း သူက ချောတယ် ဆိုတာထက်ခန့်တယ် ပြီးတော့
ယောက်ျားပီသတယ် '
'ဟုတ်တယ် သူနဲ့ ငါ'
'ဖြူနု ငါတို့က အလုပ်သမား သူတို့ကသူဌေး စိတ်ကူးယဥ်မနေနဲ့ '
'နင်ကလဲ ပိုက်ဆံပေးရတာမှမဟုတ်တာ စိတ်ကူးယဥ်ကြည့်တာပဲကို''ဟိတ် ဘာတွေပြောနေတာလဲ'
'သြော် မမယမှုံ လန့်လိုက်တာဗျာ'
'လန့်နေပုံထောက်ရင် အတင်းပြောနေကြတာလား '
ဖြူနုလည်း ယမှုံကို
'အတင်းမဟုတ်ပါဘူး အစ်မရဲ့ ဖြူနုတို့သူဌေး ချောကြောင်းပြောနေတာ'
'သြော် အဲတာလား'
'အစ်မကို ဖြူနုတစ်ခုမေးလို့ရလား'
'အမလေး ဖြူနုရယ် အလုပ်အတူတူလုပ်နေတာကို တစ်ခုမဟုတ်ဘူး အများကြီးမေး'
'အဲတာဆိုမေးပြီလေ ဟီးဟီး'
'မေးပါ'
'ကိုစျာန်မှာ ရည်းစားရှိလား'
'ကိုစျာန်မှာ ရည်းစားမရှိဘူး'
'တကယ်လား'
'အင်း သေချာတယ် ဖြူနုရဲ့
အစ်မက ဒီဆိုင်မှာအလုပ်လုပ်တာကြာပြီလေ''မမယမှုံ'
'ပြောလေ မောင်လေး '
'ဦးနောင်က အသက်ဘယ်လောက်လဲ'
'ဦးနောင် ဆိုတာဘယ်သူလဲ မောင်လေး'
'သြော် ကိုစျာန်နှိုင်းနောင်ကိုပြောတာ''ဟဲ့ မာန် နင် ကိုစျာန်ကို ဘယ်လိုခေါ်လိုက်တာ ဘာတဲ့
ဦးနောင် ဟုတ်လား နင်နဲ့အသက်ကွာလို့လား'
'ငါလည်းမသိဘူး ဒီတိုင်းသူကိုခေါ်ချင်နေတာနဲ့ခေါ်လိုက်တာ'
'မာန် နင်ကိုစျာန် ကိုစိတ်ဝင်စား '
'ဖြူနု ငါကိုပေါက်ကရမပြောနဲ့ အဲစကားဒီနားတင်ရပ်လိုက် ငါအကြောင်းနင်သိတယ်နော်'
'စတာစတာ ''မမယမှူံ ကျွန်တောမေးတာလေးဖြေပေးဦးလေ '
'သြော်အေး ကိုစျာန်အသက်က ၂၆နှစ်ပြည့်တော့မယ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မောင်လေးရဲ့ ''အစ်မ တကယ်ဖေဖော်ဝါရီလ ၁၄ရက်လား '
'အင်း ဟုတ်တယ်လေ ညီမလေးရဲ့ ဘာလို့လဲ ''ဟဲ့ မာန် နင်နဲ့မွေးနေ့တူတူပဲ နှစ်ပဲကွာတာ '
' ညီမလေးပြောတာ ဟုတ်လားမောင်လေး '
'ဟုတ် မမယမှုံ '
'မောင်လေး မွေးနေ့အပြည့်အစုံက '
'ကျွန်တော်က ၂၀၀၀ခုခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ မမယမှုံ '
'သြော် ကိုစျာန် ထက် ၆နှစ်ငယ်တာပေါ့ '
YOU ARE READING
"Never Let Me Go"
Teen Fictionအားလုံးပဲမင်္ဂလာပါဗျ ဒီFictionလေးက ကျွန်တော်ရဲ့ပထမဆုံး Fiction လေးဖြစ်တဲ့အတွက် ဝေဖန်ပေးကြပါဦးနော် လိုအပ်တာလေးတွေလဲ ပြောပေးကြပါနော် ဒီFictionလေးက Romance ၊Drama လေးတွေပါတယ်ဗျ ဆဲတာလေးတွေတော့အနည်းငယ်ပါမယ်နော် ကြိုပြီးတော့တောင်းပန်ပါရစေဗျ ဖတ်ပေးကြပါနေ...