chapter 4

18 1 0
                                    

#Unicode

အာရုံချိန်မနက်ခင်း ၅ နာရီတွင် ထွက်ပေါ်လာသည့် ရသော်ပျိုရဲ့ ဘုရားရှစ်ခိုးသံနှင့်အတူ စွဲညို့မာန် နိူးလာကာ ဖုန်းနာရီကိုကြည့်လိုက်ပြီး
မျက်နှာသစ်ရန်ထွက်လာခဲ့သည်။ စွဲညို့မာန် သွားတိုက်နေစဥ်.....
'ဟေ့ရောင် စွဲညို့ '
' ဟာ သံစဥ်ခြူး '
'အစောကြီးထလို့ပါလားကွ မင်းက '
' ဒီနေ့ ညက စောစောအိပ်ဖြစ်လို့ပါကွာ '
'ဒါနဲ့မင်းကရော ဘယ်လဲ အစောကြီး '
' ငါက အခုအလုပ်ကိစ္စနဲ့ ပုသိမ်ဘက်ခဏသွားတာ အခုပဲပြန်လာတာ '
' ဘာလက်ဆောင်ပါလဲ အဲတာဆို '
' ပါတယ် ​နောက်မှ မမသော်ကိုလာပေးထားလိုက်မယ် ငါတွေ့ချင်သေးတယ်ကွ '
' သံစဥ်ခြူး မင်းကလေ အရင်ကတည်းက ငါ့အစ်မပဲ အခုထိ ငါ့အစ်မပဲလား'
' အေးလေ ငါက အစွဲအလမ်းကြီးတယ်ကွ '
' ငါ့အစ်မက မိန်းကလေး မင်းလည်းမိန်းကလေး '
' အဲမှာ ရပ်လိုက်ပါတော့ စွဲညို့ ရာ ငါ့ကိုယ်ငါ မိန်းကလေးဆိုတာ မေ့ထားတာကြာပြီကွ '
'အေးပါ မင်း အိမ်ရော ရောက်ပြီးပြီလား '
' မရောက်သေးပါဘူးကွာ '
' တော်ကြာမျှော်နေဦးမယ် '
' ငါ့ကိုမမျှော်ဘူး ငါထဲက ပိုက်ဆံပဲမျှော်တာ သွားပြီကွာ '
' အေးအေး '

သံစဥ်ခြူးထွက်သွားသည်နှင့် မျက်နှာသစ်ကာ စွဲညို့မာန် အိမ်ပေါ်ပြန်တက်ခဲ့သည်။

' ဟဲ့ မောင်လေး '
' အမလေး ဟာ မမ ကလည်းလန့်လိုက်တာဗျာ '
' ဘာတွေမဟုတ်တာလုပ်လာလို့လဲ '
' မလုပ်ပါဘူး '
' ဒါနဲ့ ခုနက ဘယ်သူနဲ့စကားပြောနေတာလဲ '
' သားသူငယ်ချင်းလေ သံစဥ်ခြူး သူနဲဲ့ပြောနေတာ '
' သြော် သိပြီ သူ ပုသိမ်သွားတာဆို '
' အင်း ဟုတ်တယ် မမ အခုပြန်လာတာ '
' သြော်အင်း ရေမချိုးဘူးလား '
' ချိုးတော့မှာ ခဏနေရင် '
' မျက်နှာသစ်တုန်းတစ်ခါတည်းမချိုးလာဘူး '
' ပျင်းလို့ ဟီးဟီး '
'ဘာပျင်းတာလဲ သွားရေသွားချိုး ပြီးရင်ထမင်းစားမယ် '
'မမကလည်း '
' ဘာမမကလည်း ရေချိုးဖို့ကို တီကောင်ဆားနဲ့ ပတ်သလိုပဲ သွားအခု '
'ဟုတ် '

စွဲညို့မာန် ရေချိုးပြီးထမင်းစားကာ အလုပ်သွားရန်အသင့်ပြင်နေတော့သည်။
ရသော်ပျို လည်းမောင်ဖြစ်သူတွက်ထမင်းချိုင့်ပြင်နေလေသည်။

' အစ်မ ရသော်ပျို
စွဲညိုမာန်ရေ '
' လာပြီလာပြီ .....
သြော် သံစဥ်ခြူး လာလေ မောင်လေးက အလုပ်သွားဖို့ပြင်နေတယ် ခဏစောင့် '
' ဟုတ်ကဲ့ အစ်မ ရသော်ပျို '
' ညီမလေး '
' ဗျာ '
ရသော်ပျို တစ်ယောက် ဘယ်လိုခေါ်ရမလဲ မသိဖြစ်နေလေသည်။နောက်ဆုံးတော့ နာမည်အပြည့်အစုံသာခေါ်လိုက်တော့သည်။
' သံစဥ်ခြူး ခရီးသွားနေတာဆို ဘယ်တုန်းက ပြန်ရောက်တာလဲ '
' ဒီနေမနက်ပဲ '
' သြော် အလုပ်သွားလုပ်တာလား '
' ဟုတ်ကဲ့ '
' အဆင်ပြေရဲ့လား '
' ပြေပါတယ်
သြော် ပြီးတော့ အစ်မရသော်ပျိုအတွက် ကျွန်တော် ဝယ်လာတဲ့
သရက်တောထိုးမုန့် နဲ့ ပုသိမ်ဟာလဝါ '
' အားနာစရာကြီး သံစဥ်ခြူးရယ် '
' ​ခြူးလိုပဲ ခေါ်ပါအစ်မ '
' အဲတာဆို အစ်မကိုလည်း မမသော်ပဲခေါ်ပေါ့ '
' ဟုတ်ကဲ့ မမသော်
ပြီးတော့ ဒီဟာက မမသော်အတွက် ခြုံပုဝါလေးပါ မမသော်နဲ့ လိုက်လို့ဝယ်လာတာ '
' အများကြီးပဲခြူးရယ် နောက်အဲလိုတွေဝယ်မလာနဲ့ ကြားလား ​ခြူး
မမသော်ဆီ လာရင် ဒီတိုင်းလာခဲ့ '
' ဟုတ်ကဲ့ မမသော် '
ထိုအချိန်
' ဟေ့ရောင် သံစဥ်ခြူး ငါ့အတွက်ရောမပါဘူးလား '
' ပါတယ်လေကွာ ဒီမှာ မင်းအတွက် မုန့်တွေ '
' မင်းကလည်း ငါ့အစ်မ အတွက်ကျတော့ ပုဝါပါတယ် ငါ့အတွက်ကျတော့မုန့်ပဲလား '
' အေးလေ '
' မျက်နှာကလည်းလိုက်ပါ့ကွာ '

"Never Let Me Go"Where stories live. Discover now