Chapter 5

17 1 2
                                    

#Unicode

အစည်းအဝေးအပြီးတွင် ဝန်ထမ်းအားလုံးသည် သတ်မှတ်ချက်ကို ကျော်လွန်သွားဖို့သာအားထားနေကြလေသည်။

' ​ဖြူနုရေ '
' ဟုတ် ကိုနေသော် '
' ပိုင်သုတ ကားပေါ်မှာစောင့်နေတယ်
ဖြူနု သူနဲ့ လိုက်သွားပြီး ပစ္စည်းစာရင်းလိုက်စစ်ပေးပါဦး '
' ဟုတ်ကဲ့ '

ဖြူနု ကားနားလေးရောက်ချိန် ပိုင်သုတတစ်ယောက် ကားပေါ်တွင် အိပ်ပျော်နေလေသည်။
' ကိုပိုင်သုတ '
' ခင်ဗျာ '
' သွားတော့မလား အိပ်ဦးမလား '
' ဖြူနုကလည်းနောက်ပြီ ကျွန်တော်မအိပ်ပါဘူး '
' ဟုတ်လို့လား ဟောက်နေပြီးတော့ '
' တကယ်ပါ လာလေ ကားပေါ်တက် '
'ဒါနဲ့ ကိုပိုင်သုတ အိပ်နေတာမလား '
' ​မဟုတ်ပါဘူး '
ပိုင်သုတ တစ်ယောက်​ အနည်းငယ်ရှက်လာကာ နားရွက်တွေနီလာလေသည်။
' အယ် ကိုပိုင်သုတ ရှက်နေတာလား '
' မရှက်ပါဘူး ဘာလို့ရှက်ရမှာလဲ '
' သြော် အဲတာဆို နားရွက်က ဘာလို့နီတာလဲ '
' အဲတာက ဟိုလေ ဟို '
' ကဲ ထားပါ ဖြူနုက စတာပါ '
' ဟုတ် '
' ကိုပိုင်သုတ အသက်က '
' ကျွန်တော် က ၂၃ ပြည့်ပြီဗျ '
' ဖြူနုထက်ကြီးတာပေါ့ ဖြူနုက ၂၁ပြည့်ပြီ '
'သြော် ညီမလေးပေါ့ '
' ဟုတ်ကဲ့ '
' ချစ်သူရှိလား '
' ရှင့် '
' သြော် ဟိုလေ အကိုမေးတာက ဒီတိုင်းလေးမေးတာပါ '
' ဖြူနု လို ရုပ်ဆိုးကိုဘယ်သူကြိုက်မလဲ ကိုပိုင်သုတရယ် '
' ကိုသုတ ပဲခေါ်ပါ မောနေမယ် '
' ဟုတ်ကဲ့ '
' ဖြူနုက ရုပ်မဆိုးပါဘူး ချစ်ဖို့ကောင်းပါတယ် '
' တကယ်လား မုန့်ဝယ်ကျွေးမယ် ဘာစားမလဲ '
' တကယ်ပြောတာပါ မုန့်စားချင်လို့မဟုတ်ပါဘူး '
' ပျော်ပြီလေ '
' ခဏနေ သွားမယ်နေရာရောက်တော့မယ်နော် စာရင်းစာရွက်တွေ ထုတ်လိုက်ဦး '
' ဟုတ် ကိုသုတ '
********************************************

ရသော်ပျို တစ်ယောက် အင်္ကျီတွေ အပ်ထားတာ ချုပ်ဖို့ အတွက်လိုအပ်တဲ့ အလှဆင်ကျောက်တွေဝယ်ဖို့ ထွက်လာခဲ့လေသည်။ ရသော်ပျို စျေးသို့ ထွက်လာစဥ် လူငယ်တစ်ယောက်က
' မမ '
ရသော်ပျို အသံကြားရာကိုလှည့်ကြည့်ပြီး ဘာတစ်ခွန်းမှမပြောပဲ ကိုယ်လမ်းကိုသာဆက်လျှောက်ခဲ့သည် ။ ထိုအချိန် ရသော်ပျိုလက်ကို ဆွဲယူခြင်းခံရပြီး
' မမ မောင်လေးခေါ်နေတယ်လေ '
' ဟေ့ ဒီမှာ တို့လက်ကိုမင်းလွှတ်လိုက်ရင်ကောင်းမယ် '
' အဲတာဆို ကျွန်တော်ပြောမယ့်စကားကို နားထောင်ပေးရင်လွှတ်ပေးမယ် '
' နားမထောင်ချင်ဘူး မင်းပြောလည်းအပိုပဲ '
' ကျွန်တော်ကတော့ပြောရမှာပဲ '
' ငါလက်ကိုလွှတ်လို့ပြောနေတယ်နော် '

"Never Let Me Go"Where stories live. Discover now