Chapter 8

41 1 1
                                    

#Unicode

အလုပ်ပြန်ချိန် ပိုင်သုတ
' ကိုပိုင်သုတ '
' သြော် ညီလေးမာန် ညီမလေးဖြူနု မလာသေးဘူးလား '
' နောက်မှာလာနေပြီ ဒီညနော် သွားပြောတော့ ကျွန်တော်ပြောထားတယ်
Fighting  '
' အဆင်ပြေပါ့မလား ငါ့ညီရာ '
' စွဲညို့မာန်ပါဗျာ ပြောလိုက်စမ်းပါ Okay စေရမယ် '
ထိုအချိန်
' ဘာတွေ Okay နေကြတာလဲ မာန် '
' ဘာမှမဟုတ်ပါဘူး ဒါနဲ့ နင်ဒီနေ့ အရှေ့ခန်းမှာထိုင်လိုက် '
' အန် အဲတာ အစ်မယမှုံထိုင်နေကျလေ '
' ငါမမယမှုံကိုပြောစရာရှိလို့ပါ နော်နော်ချစ်သူငယ်ချင်းလေး '
' ဒီနေ့ဘာလို့ အဲလောက် ချွဲနေတာလဲ ဆေးမှားသောက်လာတာလား '
' မဟုတ်ပါဘူး ထိုင်လိုက်နော် '
' အေးပါ အေးပါ '
​မေဖြူနု ကားအရှေ့ ခုံတွင် နေရာယူလိုက်ပြီး
'ကိုသုတ '
' ပြောလေ ဖြူနု '
' ခါးပတ်ဘယ်လိုပတ်ရမှာလဲ ဖြူနု အရှေ့ခန်းမှာမထိုင်ဖူးလို့ '
' သြော် အကို တပ်ပေးမယ် '
' ဟုတ် '
ပိုင်သုတ လည်း မေဖြူနု နောက်က ခါးပတ်ကိုယူလိုက်ချိန် အကြည့်ချင်းဆုံပြီး အတန်ကြာငေးကြည့်နေမိသည်။ စွဲညို့မာန်မှ ရုတ်တရကအသံပေးလိုက်ရာ
' ကဲ အရှေ့ခန်းက အကိုနဲ့အစ်မ ခါးပတ်လာရှာပေးရဦးမလား အကြာကြီးပဲ '
'ဟုတ်တယ် အစ်မလဲ လာရှာပေးမယ်နော် '
' ဟား ဟား '
စွဲညို့မာန် စကားကို ယမှုံက ထောက်ခံစကားပြောလိုက်ရာ ကားတစ်ခုလုံးရယ်သံမှားပြည့်နှက်နေလေတော့သည် ။ မေဖြူနု ရှက်ကိုးရှက်ကန်း နှင့်
' စွဲညို့မာန် မစနဲ့ဟာ '
' အေးပါမစတော့ဘူး နင်ဟာလေးကို ကားမောင်းခိုင်းလိုက်ဦး '
' ငါဟာမဟုတ်သေးပါဘူးဟ '
' မဟုတ်သေးဘူးဆိုတော့ ဟုတ်တော့မယ်ပေါ့ '
' စွဲညို့မာန် နင်နော် '
' ဘာလည်း နင်ပြောတာလေ '
'တော်ပြီ​ တော်ပြီ ရန်မဖြစ်တော့ဘူး နင်နဲ့ ကိုသုတ မောင်းတော့ '
ပိုင်သုတလည်း ​ကြောင်တောင်တောင်ဖြစ်ကာ
' ဟုတ်ကဲ့ '
' တစ်ယောက်ကလဲ ကိုသုတ မောင်းတဲ့ တစ်ယောက်ကလည်းဟုတ်ကဲ့တဲ့ တစ်ခုခုတော့ တစ်ခုခုပဲ '
မေဖြူနုလည်း
' စွဲညို့မာန် နင်အကြောင်းတွေ့ မမသော်ကို တိုင်ပြောမယ် '
' တိုင်ပေါ့ တိုင်ပြီးရင် နင်အအေးဝယ်တိုက်ရမယ် '
' သေလေ '
ဒီလိုနဲ့ပင် Ferry ကားလေးလည်း ရပ်နေရာမှ မောင်းထွက်လာခဲ့ပေသည်။

You've reached the end of published parts.

⏰ Last updated: May 28, 2021 ⏰

Add this story to your Library to get notified about new parts!

"Never Let Me Go"Where stories live. Discover now