Part(15)

907 129 65
                                    


Chanyeolအိမ်ပြန်ရောက်တော့
မေမေကအိမ်ရှေ့ထွက်ကြိုပြီးမျက်နှာ
မကောင်းစွာဖြင့်chanyeolနားကပ်
လာသည်။

" မေမေ ... ဘာဖြစ်လို့လဲ? "

မေမေကခေါင်းကိုဖြည်းညင်းစွာခါယမ်း
ပြပြီးchanyeolလက်မောင်းလေး
ကိုအသာအယာပုတ်သည်။

" သားဝင်ခွင့်အောင်တယ် "

chanyeolမျှော်လင့်ထားပြီးသား
ကိစ္စမို့ခံစားချက်ကအထွေအထူးဖြစ်
မသွားဘူး။

" ဖေကြီးကသားနဲ့စကားပြောချင်
နေတယ် ... သွားတွေ့လိုက်ဦးနော် "

" ဟုတ် ... " 

Chanyeolဖေကြီးရဲ့စာကြည့်ခန်း
တံခါးကိုနှစ်လျက်လောက်ခေါက်ကာ
အသံပြုပြီးအထဲဝင်လာလိုက်သည်။

ဖေကြီးကအလုပ်စားပွဲမှာမဟုတ်ဘဲ
ဆိုဖာမှာထိုင်ကာစာရွက်စာတမ်းတွေ
ကိုကြည့်နေသည်။ chanyeolဝင်
လာတာတွေ့တော့မျက်မှန်ကိုချွတ်
ကာအရှေ့စားပွဲပေါ်တင်လိုက်သည်။

" ဖေကြီး ကျွန်တော့်ကိုခေါ်တယ်ဆို "

" အင်း ... ထိုင် "

ဖေကြီးနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်
လိုက်ပြီးမျက်လုံးကဖေကြီးရှေ့က
စားပွဲမှာတင်ထားတဲ့မိုင်ယာမီတက္ကသိုလ်
ကတံဆိပ်ဖြင့်စာအိတ်လေးကိုမြင်လိုက်
သည်။

" နောက်လဆိုဖွင့်ပြီပြောတယ် "

ဖေကြီးကစာအိတ်လေးကိုကျွန်တော့်
ရှေ့လှမ်းတင်ပြီးပြောသည်။

" ဘယ်တော့သွားမလဲ? "

Chanyeolစာအိတ်လေးအပေါ်က
တံဆိပ်ကိုသာခပ်တွေတွေငေးကြည့်
နေမိသည်။ ဒါဖေကြီးမျှော်လင့်ချက်
ဖြစ်သလိုတစ်ချိန်ကသူ့အိမ်မက်လည်း
ဖြစ်ခဲ့သည်။

ပညာရေးကိုအရမ်းအားပေးတဲ့ဖေကြီး
ကသူကိုယ်တိုင်လည်းစီးပွားရေးနဲ့
ပက်သက်တဲ့ဘွဲ့တွေတစ်သီတစ်တန်း
ကြီးယူနိုင်ခဲ့သူဖြစ်သည်။ အခုသူ့ရဲ့
တစ်ဦးတည်းသောသားဖြစ်တဲ့chanyeol
အပေါ်ကိုလည်းအများကြီးမျှော်လင့်ထား
ခဲ့တယ်ဆိုတာငယ်ငယ်လေးထဲကသိ
သာခဲ့တာဖြစ်သည်။

Chanyeolကိုယ်တိုင်ကလည်း
ပညာရေးနဲ့ပက်သက်ရင်အားနည်းချက်
မရှိသူမို့ကလေးဘဝထဲကယခုအသက်
အရွယ်ထိဖေကြီးအတွက်ပထမဆိုတာ
တွေပဲယူပေးနိုင်ခဲ့သည်။

"TE AMO" [Completed]Where stories live. Discover now