FINAL

1.7K 142 146
                                    

" ပါ့ ~~ ပါး ~~ "

ငုတ်တုတ်ထိုင်နေနိုင်ပြီဖြစ်တဲ့ဆယ်ဂျောင်း
လေးမပီ့တပီအသံလေးနဲ့တစ်ချိန်လုံး
Sehunကိုပဲခေါ်နေတော့တာ။

sehunချီထားမှ...
sehunမံမံခွံ့ကျွေးမှ...
sehunချော့သိပ်မှ...

တစ်ချိန်လုံးsehunမှsehunဖြစ်နေတဲ့
မင်းသမီးလေးကြောင့်sehunကလည်း
သဘောတွေဇွတ်ကျနေတော့သည်။

ကလေးအရမ်းကပ်ရင်ပင်ပန်းတယ်ဆိုတာ
တော့အမှန်ပဲဖြစ်သည်။ မျက်စိအောက်က
အပျောက်မခံဘဲမျက်လုံးဝိုင်းဝိုင်းလေးတွေ
ဖြင့်လိုက်ကြည့်နေတက်တာဖြစ်သည်။

ဆယ်ဂျောင်းလေးအိပ်ချိန်ပဲsehunမှာ
နားရပြီးနိုးလာတာနဲ့ပါ့ပါးဆိုတဲ့ချွဲတဲတဲ
အသံလေးမှာကလေးအဖေလေးက
အရည်ပျော်စမြဲပင်ဖြစ်သည်။

ဆယ်ဂျောင်းလေးကလာဘ်ကောင်လေး
လို့ပြောလို့ရသည်။ ဆယ်ဂျောင်းလေးနဲ့
အတူဘဝသစ်တစ်ခုကိုစပြီးနောက်
sehunစီးပွားရေးတွေကအရင်ကထပ်
ပိုလို့တိုးချဲ့လာနိုင်ပြီးလက်ထဲတွင်လည်း
အဆပေါင်းများစွာငွေရွှင်လာသည်။

" sehunna ... ဒီနေ့ဂန်းနမ်ကဆိုင်
တွေဘက်သွားဦးမှာလား? "

" မသွားဘူး "

စားပွဲတစ်ခုမှာထိုင်ပြီးစာရင်းစစ်နေတဲ့
sehunကိုကျွန်တော်မေးလိုက်သည်။
အခုကျွန်တော်နဲ့ဆယ်ဂျောင်းလေးက
အီထယ်ဝန်းမှာအသစ်ဖွင့်ထားတဲ့BAR
ကိုရောက်နေတာဖြစ်သည်။

နိုးထဲကပါ့ပါး ပါ့ပါးလုပ်နေတဲ့မင်းသမီး
လေးကြောင့်Chanyeolမှာလည်း
မြောင်ဒုံကစားသောက်ဆိုင်ကိုကြီးကြပ်
နေရင်းဘုံးလေးကသူမနိုင်တော့ပါဘူး
ဆိုလို့အိမ်အမြန်ပြေးကာသူ့ပါ့ပါးဆီ
ခေါ်လာရသည်။

ဒီရောက်တော့လည်းသူ့ပါ့ပါးကသူ့ကို
မချီသေးဘဲစာရင်းတွေနဲ့အလုပ်ရှုပ်နေ
တာမို့chanyeolကိုယ်ပေါ်ကနေ
ကော့လန်ထိုးပြီးဂျစ်တိုက်နေသည်။

နစ်နစ်နဲနဲခန္ဓာကိုယ်လုံးလုံးကြီးကိုထိန်း
ထားရတာလွယ်တော့မလွယ်ဘူး။
သူ့ပါ့ပါးရဲ့မျှမျှတတနဲ့ဂရုတစိုက်ကျွေးတဲ့
အာဟာရတွေကြောင့်ဆယ်ဂျောင်းလေး
ကမုန်လာဥဖြူကြီးလိုဖြူဖွေးတစ်တုတ်
ပြီးပေါင်ချိန်လည်းအပြည့်ပင်။

"TE AMO" [Completed]Where stories live. Discover now