ဂင်ယွန်းဆောတစ်ယောက်ဒီနေ့ကျောင်းကို
နောက်ကျမှရောက်တဲ့အတွက်ကတိုက်ကရိုက်
ဖြစ်နေသည်။ အိပ်ရေးမက်လွန်းသည့်သူမရဲ့
ထုံးစံအတိုင်းညဘက်ဆိုBLကားလေးတွေ
နဲ့ဇိမ်ကျနေပြီးမနက်ကျရင်ဆင်တက်နင်း
ရင်တောင်မနှိုးတက်သူမို့အခုတော့နှုတ်ခမ်း
နီပင်မဆိုးနိုင်ဘဲအပြေးအလွှားစာကြည့်တိုက်
ကိုပြေးနေရသည်။Chanတို့နဲ့ချိန်းထားတာမို့အရမ်းအားနာ
ရသည်။ chanကမိနစ်ပင်မစွန်းဘဲအချိန်
မှန်ရောက်နေတက်သူမို့ယခုသူမလုပ်ရပ်
သည်တစ်ဖက်သားကိုမည်မျှမျက်နှာပူ
စရာကောင်းမှန်းကိုယ့်ကိုကိုယ်ပြေးရင်း
လွှားရင်းသတိပေးနေရသည်။ခပ်သုတ်သုတ်လမ်းလျှောက်နေရင်းမှ
ကန်တင်းဘက်ကထွက်လာတဲ့
ohsehunကိုတွေ့လိုက်တာမို့
သူမခြေလှမ်းတွေအမှတ်မရှိတိုးသွား
မိပြန်သည်။" Ohsehun .... "
ဟူဒီအပြာနုလေးရဲ့ခေါင်းစွပ်ကိုဆောင်းပြီး
bubble teaဗူးကပိုက်ကိုစုတ်သောက်
နေရင်းသူမခေါ်သံကြောင့်လှည့်ကြည့်သည်။
ပြာလွင်လွင်ဆံပင်လေးတွေကနဖူးပေါ်ဝဲကျ
နေပြီးပြိုးပြိုးပြက်ပြက်နေရောင်အောက်မှာ
ရှုမညီးတဲ့အလှတရားပင်ဖြစ်သည်။" ငါလေ ဂင်ယွန်းဆော ...
သိတယ်မှတ်လား? "" သိဖို့လိုလို့လား? "
ohsehunသည်ရှတတအသံလေးနဲ့
သူမကိုချေမိုးပြီးလမ်းဆက်လျှောက်သည်။" sehunနင်တောင်ရောက်ပြီဆိုတော့
chanလည်းရောက်လောက်ပြီပေါ့နော်
ငါအိပ်ရာထနောက်ကျလို့ဆောတီးပါဟာ "" ........ "
" sehun... ငါနင့်ကိုတစ်ခုလောက်
မေးလို့ရမလား? "ဘေးကနေစက်သေနတ်ပစ်သလိုတစ်တွတ်
တွတ်ပြောနေသည့်သူမကိုရှိတယ်လို့ပင်
မထင်ဘဲအေးစက်စက်မျက်နှာလေးနဲ့
သူလျှောက်နေသည့်လမ်းကိုသာအာရုံစိုက်
နေသည်။" Chanကဘယ်လိုမိန်းကလေးမျိုးကို
သဘောကျလဲဟင်? "" ...... "
" ငါchanကိုစိတ်ဝင်စားနေတာနင်
ရိပ်မိမလားတော့မသိပေမယ့် ကူညီပါ
နော် sehun ... "
YOU ARE READING
"TE AMO" [Completed]
Fanfictionချစ်သော"TE AMO..." မြတ်နိုးမှု့ကအဖြူရောင်လေးဆိုပေမယ့် အတ္တအရောင်တွေစွန်းထင်သွားမှာလည်းစိုးရပါရဲ့ မင်းကနုနုနယ်နယ်လေးမဟုတ်ပေမယ့် ငါအတွက်တော့အပူတပြင်းကြောင့်ကြရတဲ့ ပီဘိကလေးငယ်လိုပါပဲ။ ချစ်သော"TE AMO..." မြတ်နိုးမှု့ကအဖြူရောင်လေးဆိုပေမယ့် အတ္တအရောင်တွေစွ...