Part(9)

763 130 69
                                        


ရာသီတွေအလီလီပြောင်းလဲခဲ့ပေမယ့်
မပြောင်းလဲဘဲဆက်လက်တည်မြဲနေတာ
ကတော့အပြာရောင်ကောင်လေးအပေါ်
ထားတဲ့သူ့ရဲ့မြတ်နိုးခြင်းတွေသာဖြစ်သည်။

နာကျင်ကိုက်ခဲရတဲ့နေ့ရက်တွေကိုသူ့အပြုံး
တွေနဲ့ကုစားရင်းငါ့ကိုယ်ငါအသက်ကယ်
ခဲ့ရတယ်။ အချစ်ကိုရူးတာလားလို့မမေးပါနဲ့။
နာကျင်မှု့မှာပျော်မွေ့တာလားဆိုတာလည်း
မသိချင်ပါနဲ့။

လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါ
အဲ့ဒီ့မေးခွန်းတွေကိုငါမဖြေလည်းမင်းတို့
သိကြပါလိမ့်မယ်။ ဘယ်ပုံဘယ်ဘဝက
ဝဋ်ကြွေးရယ်ပါလို့မတွေးဘဲသူ့အနားမှာ
ရှိနေရတဲ့သံသရာလေးကိုကကျင်လည်ချင်
စရာကောင်းနေတာမျိုးပေါ့။

ရေရှင်လိုချစ်ခြင်းမျိုးပါ။
စုန်လည်းစုန်မယ်ဆန်လည်းဆန်တက်
ခဲ့ပါ့မယ်။ မင်းဆိုတဲ့လှေငယ်ကလေး
လိုရာရောက်စေဖို့တစ်ဖက်တစ်လမ်းက
နေကူညီဖေးမပေးမယ်။

စာအုပ်လေးတစ်အုပ်ထဲကကဗျာလေး
တစ်ပုဒ်လိုပေါ့။ သေတ္တာထဲမှာထည့်သိမ်း
ထားတဲ့ဒိုင်ယာရီလေးလိုပေါ့။ ဟောင်းနွမ်း
ပေမယ့်အမှတ်တရတွေအများကြီးရှိနေတဲ့
ဓာတ်ပုံဟောင်းလေးတစ်ခုလိုပေါ့။

မင်းသတိတရပြန်ငဲ့ကြည့်လိုက်တာနဲ့
မင်းထားတဲ့နေရာလေးမှာပဲရှိနေမယ့်
ချစ်ခြင်းတွေပေါ့။ လိုချင်လည်းရတယ်။
ကျော်သွားမယ်ဆိုလည်းဖြစ်ပါတယ်။

မင်းသိတဲ့အတိုင်းချစ်ခြင်းမေတ္တာနဲ့
ပက်သက်ရင်ငါကအပေါစားဆန်တယ်။
မာနလည်းထားရကောင်းမှန်းမသိဘူး။
မျက်နှာပြောင်တိုက်ပြီးလည်းမင်းအနား
ကပ်တွယ်နေရဲတယ်။

မင်းခေါ်ရင်အပြေးလာပြီးမင်းလျစ်လျူရှု့
ရင်ချောင်မှာခိုကပ်နေရတဲ့ပေါပေါပဲပဲ
အချစ်ရူးသမားသာသာပါပဲ။

မင်းကတော့အမြဲတမ်းရယ်နေခဲ့တယ်။
ငါကအချစ်ကိုအရမ်းကိုးကွယ်လွန်းတယ်
တဲ့။ မငြင်းပါဘူး ငါ့မှာကိုးကွယ်ယုံကြည်
ရာဆိုလို့မင်းရယ်ငါ့မေတ္တာတရားတွေရယ်
ပဲရှိတာလေ။

တစ်နေ့တော့တစ်စိမ့်စိမ့်နဲ့ဖွဲဖွဲလေးရွာတဲ့
မိုးရေတွေအောက်မှာပေါ့။ ကားပါကင်ရဲ့
တစ်စပ်မိတ်အောက်ကမိုးရေကြည်ကြည်
လေးတွေကိုsehunကလက်ဖဝါးနုနုလေး
နဲ့ခံယူဆော့ကစားရင်းကျွန်တော့်ကိုမေးခွန်း
တစ်ခုမေးခဲ့တယ်။

"TE AMO" [Completed]Donde viven las historias. Descúbrelo ahora