Love?!

1K 71 4
                                    

"မင်း ဒီည အိမ်မပြန်တော့ဘူးလား "

"အင်း ကိစ္စရှိလို့လား "

"မဟုတ်ဘူး ညစာလုပ်ကျွေးမလို့ "

"တော်ပြီ ငါဗိုက်မဆာဘူး "

" ဒါဆိုလည်း ပြီးရော ၊ အလိုလိုမှ ငါ့အိပ်ရာကသေးပါတယ်ဆို မင်းလာအိပ်ရင် ငါ့အတွက်နေစရာကိုမရှိတော့ဘူး Kyu "

" အရင် ကတည်းက အိပ်နေကျပဲဟာ ဘာတွေ ထွေထွေထူးထူး စာဖွဲ့နေတာလည်း "

" ထားပါ . . ."

" . . ."

"ဘာလို့ စကားသံတိတ်သွားရတာလည်း ၊
မင်းအိပ်နေပြီလား Kyu "

" မင်းက မေးခွန်းတွေ သိပ်များလွန်းတယ် Hoonna . . ."

" မင်းအချစ်ကိုယုံလား "

" မေးခွန်းတွေများပြန်ပြီ "

" Sorry ..."

" မယုံဘူး ၊ နှမ်းစေ့ ပမာဏလောက်တောင် "

"ဘာကြောင့်လည်း "

" ငါ့အဖြေရဲ့ အရင်းမြစ် အားလုံးကို မင်းသိပြီးသားပါ "

". . ."

အသံတွေ တိတ်သွားတယ် ။ ဒီကောင်အိပ်နေပြီပဲ ။မဟုတ်သေးဘူး မှေးနေတာများလား ၊
အား . . . လည်ပင်းနားက ဝင်သက်ထွက်သက်က ရူးချင်စရာကောင်းလိုက်တာ ၊
ဘယ်အချိန်ထိ ငါ့ကို စိတ်ဒုက္ခ ပေးနေမှာလည်း Kyu ၊ ဒီလို အခြေအနေတွေ ကြုံလာတိုင်း ငါ့စိတ်ကိုထိန်းနေရတာ လွယ်တယ်များထင်နေတာလား ။

" ဟျောင့် Kyu ၊ မင်းမျက်နှာကြီးကို ငါ့လည်ပင်နားကနေ နည်းနည်းလောက်ခွာပေးပါ့လား ။ မင်းဝင်သက်ထွက်သက်တွေက ဘယ်လောက်စိတ်ရှုပ်ဖို့ကောင်းတယ်ထင်လည်းကွ ၊ ပြီးတော့ ငါ့ကိုခွထားတဲ့ မင်း
လက်နဲ့ ခြေ‌ထောက်ကောပဲ ၊ ငါမွန်း နေပြီ"

ပြန်ဖြေသံမကြားရဘူး . . .

သေချာတယ် ဒီကောင်အိပ်ပျော်သွားပြီ ။

လူကိုဖက်ထားတဲ့ လက်တွေ ၊ ခွထားတဲ့ ခြေထောက်တွေကို ဖြေးဖြေးချင်းဆွဲခွာလိုက်တယ် ။ ‌လူကိုသက်တောင့်သက်သာဖြစ်အောင်နေရာချပေးလိုက်ပြီး နွေးနွေးထွေးထွေးဖြစ်အာင် စောင်ပါသေချာခြံပေးလိုက်တယ် ။ ကောက်ညှင်းထုတ်လိုဖြစ်သွားတဲ့ ကျွန်တော့် သူငယ်ချင်းမျက်နှာက ငြှိုးနေလိုက်တာ ။ ဘာမပြောညာမပြော၊ ဖုန်းတောင်ကြိုမဆက်ပဲ ညနေက ရောက်လာတဲ့ပုံကို ပြန်စဉ်းစားမိပြန်တယ် ၊ အင်း ဒီတစ်ခါလည်း သုံးလေးည လောက် Park jihoon တို့အိပ်ရေး ပျက်ရအုံးမှာပေါ့ ။

I'm yours ✨Where stories live. Discover now