Some Words to STARS 🌟

412 63 2
                                    

2020 . . .

ညနေမိုးချုပ်ခါနီးလောက် မှ တောင်ပေါ်ရောက်တာကြောင့်  ကျွန်တော် တောင်ပေါ်မှာ တစ်ညတာ နားဖို့ ခွင့်ပြုမဲ့ Temple ‌လိုက်ရှာလိုက်တယ် ။

တောင်ပေါ် ကနေ Seoul မြို့ရဲ့ View ကောင်းကောင်းလည်းမြင်ရပြီး ကောင်းကင်ကြီးကိုလည်းရှင်းရှင်းလင်းလင်းမြင်ရမဲ့ နေရာ က Temple မှာ နားခိုခွင့်ရခဲ့တာ‌မို့ ဒီနေ့အတွက် ကံကောင်းခြင်းတွေဟာ ကုန်ကောကုန်ပါအုံးမလားလို့ တွေးရင်းပျော်ရပြန်တယ်။

တောင်ပေါ်လည်းဖြစ်ပြီး ၊ ရာသီဥတုကလည်း နည်းနည်းအေးတဲ့ ရာသီမို့ အအေးဓာတ်က သိသိသာသာကဲနေတာပဲ ။ နားခွင့်ရတဲ့ အခန်းကိုသွားနေတဲ့ အချိန်အတွင်း အခန်းရဲ့ ခပ်လှန်းလှန်းမှာ ဖိုထားတဲ့ မီးဖိုငယ်တစ်ခုကိုလည်းတွေ့လိုက်သေးတယ် ။ လူ တစ်‌ယောက်လည်း မီးလှုံနေတယ် ထင်တယ်  ။

ဘေးက အကောင်ပေါက်ကိုကြည့်တော့ လက်ကလေးတွေ ပူးထားပြီး တော်တော်ချမ်းနေပုံပဲ ။

" လာ Kyu ဒီအခန်းပဲ ၊ ငါတို့ ဒီညတည်းရမယ် "

" မိုက်သားပဲ အထဲက ၊ ရှေးခေတ် Vibe တစ်မျိုးရသလိုခံစားရတယ်  ၊ ပြီးတော့နွေးလည်းနွေးတယ် "

" ဟုတ်တယ် . . .ခု အပြင်မှာ ငါတို့တည်း‌တဲ့နေရာကနေ မြို့ရဲ့ ညရှုခင်းကိုလည်းကောင်းကောင်းကြည့်လို့ရတယ် "

"အင်း . . ."

" အထုတ်တွေ ‌နေရာချ Kyu . . , ပြီးရင် အပြင်မှာ မီးသွားလှုံရအောင် ၊ ငါ ဟိုးဘက်နား ကုန်းပေါ်လေးလောက်မှာ မီးဖိုလေးဖိုထားတာတွေ့ ခဲ့တယ် "

" အေးနေတာကို မင်းကလည်း . . ."

တစ်ခုခု အလိုမကျတိုင်း လုပ်တတ်တဲ့ ပုံစံ
နှုတ်ခမ်းကို ဆူပြီး ချွဲနေတာက တကယ် ချစ်စရာလေး ၊ မင်းနဲ့တော့ ဒုက္ခပါပဲ အကောင်ပေါက်ရေ ။

" ဘာလည်း ဒီထိ လာပြီးမှ ဒီတိုင်း အခန်းကြီးထဲအောင်းပြီး တစ်ညလုံး နေမလို့ လား ။
လာပါ မီးလည်းလှုံပြီး ၊ ညရှုခင်းလည်းကြည့်ပြီး ၊ ကြယ်တွေလည်း ကြည့်ရအောင် ။ငါခုနက အခန်းရှာရင်းသတိထားမိ ခဲ့တယ် ၊ ဒီညကြယ်တွေ စုံနေတယ်ကော ၊ မင်းကြယ်တွေကြည့်ရတာ သဘောကျတယ်မဟုတ်လား "

I'm yours ✨Where stories live. Discover now