ILY 💔

471 76 1
                                    

2016, အထက်တန်းနောက်ဆုံးနှစ် . . .

"သူက ငါနဲ့ တွဲနေတာ အဲ့တော့ မင်းဝေးဝေးသွားလိုက်တော့ . . ."

ချောကလက်ဘူးလေးကိုင်ထားရင်း Junkyu ကိုဖွင့်ပြောလာတဲ့ ကောင်မလေးကို
ကျွန်တော် မျက်နှာထားတင်းတင်းနဲ့ ဆီးဟောက်လိုက်တယ် ။

ဘေးက Kyu ကတော့ အံ့ဩနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်နေတယ် . . .။
သွားပြီ မှားသွားပြီ ငါခုနက ဘာပြောလိုက်‌တာလည်း ။ လာဖွင့်ပြောတဲ့ ကောင်မလေး ကို ပြန်ကြည့်တော့ နေရာမှာပင်မရှိတော့ ၊ သူလည်း ရှက်သွားပုံရတယ် ။တစ်ချိုးတည်းလစ်ရှာပြီ။ 

" မင်း ခုနက ဘာပြောလိုက်တာလည်း hoon"

" မဟုတ်ဘူး Kyu , မဟုတ်ဘူး ခဏလေး "

" မင်း ဦးနှောက်ထဲတစ်ခုခုဝင်သွားတာလား"

"မဟုတ်ပါဘူး တကယ်ပါ ခဏလေး ငါ့ကို စကားပြော ခွင့်ပြုပါ . . ."

" မင်းနေခဲ့တော့ ငါ့နောက်က ဆက်လိုက်မလာနဲ့ "

"ငါ . . ."

" Park jihoon . . ."

" . . ."

ခေါင်းငိုက်စိုက်ချရင်း တစ်ဖြည်းဖြည်းလျှောက်သွားတဲ့ အကောင်ပေါက် မြင်ကွင်းထဲက ပြောက်သွားသည်ထိ ကျွန်တော် ငူငူကြီးရပ်ကြည့်နေမိတယ်။ 
ကျောင်းတက်ဖို့လာတာမှန်ပေမဲ့ စာသင်ဖို့လည်း စိတ်မပါ ၊ အကောင်ပေါက်နောက်လည်း မလိုက်ခဲ့နဲ့ပြောထားလို့ မလိုက်ရဲတာမို့
ကန်တင်းထဲ ခဏ ဝင်ထိုင်နေလိုက်ဖို့ပဲ စဉ်းစားလိုက်တော့တယ် ။ အကောင်ပေါက် ဘာတွေမှတော့ လျှောက်မလုပ်လောက်ဘူး မလား ။

နှစ်နာရီလောက် ထိုင်ပြီး စိတ်ထဲ ညစ်လာတာကြောင့် အိမ်ကို စောပြန်ခဲ့လိုက်တယ် ။

" Hey , mom "

" Hoonie ya ! Kyu လေးတို့အိမ်ဘက်ကတော့ ရန်ဖြစ်ပြန်ပြီထင်တယ် ။ခုနက သူ့အမေနဲ့ အဖေ အော်ဟစ်နေသံတွေကြားရတယ် "

" ဟင် . . ."

"ပြီးတော့ Kyu လေးအသံလည်းကြားလိုက်သလိုပဲ ၊ သားတို့က အတူပြန်လာတာ မဟုတ်ဘူးလား "

" မဟုတ်ဘူး mom ,ကိစ္စရှိလို့ဆိုပြီး ဒီနေ့ သူအရင်ပြန်သွားတာ "

I'm yours ✨Where stories live. Discover now