2020 . . .
မိုးစက်တွေရဲ့ အသံကြောင့် junkyu တစ်ရေးနိုးလာတယ် ။
ဖုန်းကိုယူပြီး နာရီကိုကြည့်လိုက်တော့ နံနက် ၄နာရီ ၊ အာ ညက parkjihoon အခန်းမှာ အိပ်ပျော်သွားတာပဲ ။
Park jihoon ကော ဘယ်မှာလည်း ၊ ဆိုဖာပေါ်မှာ အိပ်ပြန်ပြီလား ။
Jihoon က ကျွန်တော် သူ့အခန်းထဲမှာ အိပ်ပျော်သွားတိုင်း ဘယ်တော့မှ ကုတင်တူတူမအိပ်တတ်ဘူး ၊ အမြဲဆိုဖာမှာပဲ သွားအိပ်တတ်တယ် ။အလယ်တန်း အရွယ်ကျောင်းသားနှစ်ယောက်အတွက် ကျယ်ခဲ့တဲ့ ကုတင်က ၊ အခုတော့ အရွယ်ရောက်ပြီးသားလူနှစ်ယောက်အတွက် အနည်းငယ် အိပ်ရကျပ်စေတာတော့အမှန်ပဲလေ ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလည်း ကျွန်တော်ကလည်း ကျွန်တော့် အခန်းထက်
Park jihoon ရဲ့ အခန်းထဲက သူ့အိပ်ယာမှာ အိပ်ရတာကို ပိုသဘောကျတယ် ။ဘယ်ကတည်းက သန္ဓေတည် တဲ့အကျင့်လည်းလို့မေးရင်တော့ ၊ မိုးတွေရွာတဲ့ အဲ့ဒီနေ့ကတည်းက ဖြစ်မယ်ထင်တယ် ။
2010 . . .
"လာ သားတို့ ကြက်စွတ်ပြုတ်သောက်ရအောင် ။ Hoonie သူငယ်ချင်းကို နွေးအာင်ဆင်ပေးတယ်မလား "
" Nae , mom "
"ဒါနဲ့ အပြင်မှာ မိုးတွေလည်း မဆဲသေးဘူး ၊
သာ အိမ်မပြန်နဲ့တော့လေ ၊ ဒီည hoon လေးအခန်းမှာပဲ အိပ်လိုက်ရင်ကော ၊ သားမေမေကို အန်တီ ဖုန်းဆက်ပေးမယ်လေ "" မေမေ ဒီည အိမ်မှာရှိမှာမဟုတ်ဘူး အန်တီ "
"အဲ . . ."
"မေမေက ဆေးရုံမှာ ဂျူတီရှိနေတယ် ၊ ပြီးတော့ ဖေဖေက ပြန်လာမှာမဟုတ်ဘူး "
" အို ဟုတ်ပြီ ၊ ဒါဆို သား မပြန်နဲ့တော့ ၊ hoon လေးနဲ့ အိပ်လိုက် ၊ သား သူငယ်ချင်းကို သေချာသိပ်လိုက် ၊ စောင်အပိုတွေရှိတယ်မလား "
" ဟုတ် ၊ mom "
နွေးထွေးတယ် ၊ Hoon မှာ သူအားကျရလောက်အောင် မနာလိုရလောက်အောင် နွေးထွေးပေးနိုင်တဲ့ အမေတစ်ယောက်ပိုင်ဆိုင်ထားရတာ ဘယ်လောက်တောင် မနာလိုစရာကောင်းလိုက်သလည်း ။
မိုးတွေက ဆက်ရွာနေတုန်းပဲ ။
အဲ့ဒီ ညက Jihoon ရဲ့ အိပ်ယာကို သူသဘောကျမိသွားတဲ့ ပထမဆုံးညပဲ ။