decided 🍁

431 57 0
                                    

2020 . . .

Hoonie ဘေးက‌ ‌ပုကျိ‌‌ က ဘာလည်းဟ ။
ခဏနေအုံး ဒီပုကျိကို ငါမြင်ဘူးတယ် ။ ဟိုနေ့က Bukhansan Climb Trip တုန်းက ပုကျိပဲ ။

hoonie ကို " Hyung ; Hyung က ဒီခရီးစဉ်ကို ဦးဆောင်ပြီး အစအစုံတာဝန်ယူထားရတော့ ပင်ပန်းနေမှာပေါ့" ဆိုပြီး ရေဘူးလာပေးတဲ့တစ်ယောက် ။

ခုလည်း စားချိန်သောက်ချိန် ကြီးဘာတွေ စကားပေါ စရာရှိနေတာလည်း ။
ဘာလည်း ခု park jihoon ကိုလွှတ်ထားလို့မရတော့ဘူးလား ။ ဪ ကြည့်ပါအုံး အရူးကောင်က အဲ့ဒီ ပုကျိရှေ့မှာ အပြုံးတွေက
ပုံမှန်ထက်တောင် ပိုချိုနေတာပဲ ။
အဟက် . . .

" Hoonna . . ."

" အမ်း Kyu ya ရောက်လာပြီလား . . . , ငါက မင်းတို့အဖွဲ့ Assignment ရှင်းတာ မပြီးသေးတာကော ဗိုက်စာတာကော ကြောင့် ထွက်လာတာ , အဲ့တာ shiho နဲ့တွေ့တာနဲ့ စကား ပေါဖြစ်နေတာ ဟီး . . . "

" အား ..., Oki "

ဘာလည်းဟ အကောင်ပေါက်မျက်နှာက အပြုံးက ။ ချစ်ဖို့ကောင်းနေတာလား ဒါမှမဟုတ် ကြောက်စရာကောင်းတာလား ။
ချိုတယ်လို့ထင်နေရတဲ့ အပြုံးတွေနဲ့ junior လေးကို စကားပြောဖို့လုပ်နေတဲ့ ကျွန်တော့်ကောင်ပေါက်ကို အသာပဲ ကြည့်နေမိတယ် ။
မဟုတ်ဘူး တစ်ခုခုတော့ မှားနေပြီ ။ အကောင်ပေါက်ရဲ့ အပြုံးတွေက မူမမှန်ဘူး . . .

" Shiho မို့လား ၊ အစ်ကိုက junkyu ;
kim junkyu ဟိုနေ့ တောင်တက် ခရီးစဉ်ကတည်းက အစ်ကိုလည်း ညီ့ကို သတိထားမိပါတယ် ၊ ညီက ချစ်စရာလေးပဲ ။ ရှေ့လျှောက်လည်း တွေ့ရင်ခေါ်နော် ၊ ဪ park jihoon ငါ သွားတော့မယ် ၊ ခုလည်းဗိုက်သိပ်မစာတာနဲ့ အိမ်ရောက်မှစားတော့မယ် ၊ မင်းလည်း shiho နဲ့ စကားပြောနေခဲ့အုံးပေါ့ "

ပြောချင်တာပြောပြီး ထထွက်လာခဲ့ပေမဲ့ စိတ်က လူနဲ့အတူပါမလာ ။ အင်း ဟိုကောင်ကလည်း ဘယ်လောက်တောင် စကားပေါကောင်းနေလည်း မသိ ကျွန်တော် ထမင်း မစားရပဲ ပြန်သွားတာသိတာတောင် ပါမလာ ။

ဟက်... ဘာလည်း ငါ့အပေါ်‌ ပြောင်းလဲ သွားပြီလား hoonna ?!

✨🌾

" အမ် Kyu လား "

အကောင်ပေါက်က အိမ်ပြန်မယ်ဆိုပြီး ဘာလို့ သူ့အိပ်ယာပေါ်ရောက်နေရတာလည်း ။
အိမ်မပြန်ပဲ အ‌ခန်းထဲ လာပြီးအိပ်နေတယ်လား ။ နေ့လည်က ဘာမှမစားပဲ ပြန်သွားတာ ဆိုတော့ ခုထိလည်း ဘာမှမစား‌ရသေးဘူးလား ။ mom လည်း ဒီနေ့ အိမ်မှာရှိနေတာဆိုတော့ တစ်ခုခု ကျွေးပြီးလောက်ပြီလား ။ ဒါမှမဟုတ် နေ့လည်က စကားကောင်းသလိုဖြစ်သွားပြီး နောက်က ချက်ချင်းလိုက် မသွားဖြစ်လိုက်လို့ စိတ်ဆိုးသွားတာများလား ။

I'm yours ✨Where stories live. Discover now