2020 . . .
အရင်တစ်ခေါက် တောင်ပေါ်က ပြန်ဆင်းလာကတည်းက ကျွန်တော့် အကောင်ပေါက်မျက်နှာက ပိုလန်းဆန်းလာတယ် ။ အရင်ကလို ဘုကလန့်ပြောတာတွေ မရှိသလောက်နည်းလာပြီး ဒီတိုင်း မဖြစ်နိုင်တော့တဲ့ အရာအားလုံးကို လက်လျော့ပြီး ၊ လက်မလွှတ်သင့်တဲ့ အရာတွေကိုလည်း ဆုပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ပုံစံမျိုးနဲ့ ။
ပျော်နေတယ် မို့လား ငါ့သူငယ်ချင်းလေးရေ။
မင်း စိတ်ချမ်းသာမှုက ငါ့အတွက် ကမ္ဘာပဲ မို့ ၊
ထာဝရ အတွက် မင်းစိတ်ချမ်းသာနေမှ ဖြစ်မယ် ။အတွေးတွေ လွင့်နေရင်းက မြည်လာတဲ့ ဖုန်း...
" ဟျောင့် Hoonna , မနက်ဖြန် Assignment
အတွက် ပြင်ပြီးပြီလား အကုန် "" အင်း မင်းကော ၊ ငါ တော့အကုန်ပြီးလို့ ခု နားတော့မလို့ "
" ပြီးပြီ ၊ မင်းမနားနဲ့အုံး ငါတို့ အပြင်ခဏသွားရအောင် Hoonna ! ဟင် . . ."
ခွီး ညကြီးမင်းကြီး ဘာထဖြစ်တာလည်း မသိပေမဲ့ ငါက မင်းခေါ်တာကို ဘယ်လို ငြင်းရမလည်း ။
" အိုခေ ၊ ငါ အောက်ဆင်းခဲ့မယ် "
အောက်ရောက်တော့ အနွေးထည်အထပ်ထပ်နဲ့ ကောက်ညှင်းထုတ်ဖြစ်နေတဲ့ အကောင်ပေါက် ။
" ကဲ ဒီလောက်အေးနေတဲ့ အချိန်ကြီးကို ဘယ်သွားမှာလည်း အကောက်ပေါက် . . ."
" Yaa... , Jihoonie မင်းသေချင်နေတာလား ; ငါ့ကို ဘယ်လိုတွေလာခေါ်နေတာလည်း "
" ဟီး sorry , မင်း Outfit က အာ့လိုခေါ်ဖို့ တွန်းအားပေးသလို ခံစားလိုက်ရလို့ ၊ ဟီး ..."
အတွေးထဲမှာ အချိန်တိုင်း အတွက် အကောင်ပေါက်လို့ ခေါ်နေမှန်းသိရင်တော့ hoonieတို့ဘဝ မတွေးရဲစရာပါပဲ ။
" ကဲ ဘယ်သွားကြမှာလည်း "
" သွားသောက်မယ် "
" ဟမ် ..."
" သောက်မှာလေ ဘာလို့လည်း ၊ ငါတို့ နှစ်ယောက်လုံးက အသက်ပြည့်ပြီးသားပဲဟာ "
" ဟုတ် ဟုတ်တော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့..."
" အာ မင်းက မသောက်နိုင်ဘူးပဲ ၊ sorry Hoonna ငါ မေ့သွားလို့ ၊ မင်း သောက်ရတာမကြိုက်တာကို ...ဟက် ..."