🤍 အပိုင်း 13 🤍

21.4K 595 0
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 13 🤍

မိုးစျေ တရေးနိုး ရင်ခွင်ထဲက ကိုယ်လုံးလေးအား ခပ်တင်းတင်းပွေ့ဖက်ဖို့ပြင်လိုက်ရာ ဖက်လုံးကိုသာ ဖက်မိသောကြောင့် လူကဆတ်ခနဲဖြစ်သွားပြီး ချက်ချင်းကိုထထိုင်လိုက်မိသည်.....

ဟင် .... ခခလဲ မရှိတော့ပါလား .... 

နောက်ဖေး ရေအိမ်၀င်နေတာများလားဆိုပြီး တွေးမိတော့ အိပ်ရာ ဘေးမှ ဖုန်းကိုယူကာ flash light ကို ဖွင့်လိုက်သည်....

အချိန်ကား မနက် တစ်နာရီ လေးဆယ့်ငါးမိနစ် တိတိ.....

မိုးစျေ အခန်းထဲမှ ထွက်တော့ နောက်ဖေးမီးဖိုချောင်ဆီမှ မီးကလင်းနေသည်....

လမ်းကို ​ခပ်မြန်မြန်လျှောက်ပြီး ကြည့်မိတော့ ခခက ဇလုံကြီးတစ်ခုထဲ ထမင်းတွေနယ်ဖတ်ပြီးတော့ကို အားရပါးရ စားနေသည်......

"ခခ "

"ဟင် ကိုကို "

ခခက သူ့ကိုတွေ့တော့ ဇွန်းလေးကိုက်လျက် အကြောင်သားလေး ငေးကြည့်နေသည်.......

သူ ခခရှေ့၀င်ထိုင်တော့ ခခက သူမထမင်းဇလုံကို အလုခံလိုက်ရတော့မည့်အတိုင်း တင်းတင်းပွေ့ဖက်ထားသည်....

"ဒီအချိန်ကြီး ဗိုက်ဆာလို့လား .... ဘာတွေနဲ့ စားနေတာလဲ ကိုကို့ကို ပြပါဦး "

သူအတင်းတောင်းတော့မှ ခခက ဇလုံကို သူ့အားလှမ်းပြသည်.....

အမေဆိုင်သိမ်းတုန်းက ပိုသည့် ကြက်သားဟင်းရယ် ကန်စွန်းရွက်ကြော်ရယ် ကြက်ဥ​ half fried ကြော်ရယ်ကို အနှစ်တွေပါဖောက်ပြီး ရောသမမွှေထား
တဲ့ ထမင်းသုပ်ဖြစ်သည် .......

"ခခ တရေးနိုးတော့ ဗိုက်က လှပ်လှပ်ပြီးဆာလာတာနဲ့ ထစားမိတာ ကိုကို .... "

"ဗိုက်ဆာတယ်ဆိုလဲ နို့တစ်ခွက်လောက်နဲ့ ကိုကို၀ယ်ထားတဲ့ ကိတ်မုန့်လေးစားပါလား ခခရဲ့ ..... အခု ထမင်းတွေစားပြီး
ပြန်အိပ်ရင် အစာမကျေ ဖြစ်မှာပေါ့....
တော်ပြီဆက်မစားနဲ့တော့ .... သိမ်းလိုက်တော့မယ် ... ကိုကို နို့ပူပူလေးတစ်ခွက် ဖျော်ပေးမယ် ..... နို့နဲ့ ကိတ်မုန့်နဲ့စား ဟုတ်ပြီလား ..... "

🤍 တစ်ဖက်သတ်အချစ်ဆိုသည်မှာ 🤍Onde histórias criam vida. Descubra agora