🤍 အပိုင်း 9 🤍

23.5K 645 2
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 9 🤍

"ကိုကို ဒီနေ့ ဘယ်တွေကို စာသွားသင်ရမှာလဲဟင် "

ခခ ကိုကို အလုပ်သွားခါနီး အင်္ကျီကူ၀တ်ပေးနေရင်းကနေ ကိုကို့အား မော့ကြည့်ကာ မေးဖြစ်သည် .....

"အင်း ဒီနေ့က ဆရာမတို့ ၀ိုင်းမှာ ကိုးတန်းရယ် ဆယ်တန်းရယ်  ၂ချိန်ဆက်တိုက်ပြီးရင်  ချစ်ခြင်းလေးတို့ကို သွားသင်ရမယ်... ပြီးရင်တော့ပြီးပါပြီ ဘာမှမရှိတော့ဘူး "

"အဲ့တာဆို ကိုကိုပြန်လာရင် ၃၆လမ်း ကြေးအိုးဘုရင်ကနေ ကြေးအိုးဆီချက်
တစ်ပွဲလောက်၀ယ်လာလို့ရမလားဟင်
ခခ ပိုက်ဆံပေးလိုက်မယ်လေနော် "

"ခခ စားချင်လို့လား "

"ဟင့်အင်း ခခ မစားချင်ပါဘူး အမေ့ကို ၀ယ်ကျွေးချင်လို့ .... ဟိုနေ့က ကြေးအိုးဆိုင်ကြော်ငြာစာရွက်လေးကိုကြည့်ပြီး
အမေက သူတစ်ယောက်ထဲ ကြေးအိုးဆီချက်လေး စားရရင် ကောင်းမှာပဲလို့ ပြောနေတာကြားလို့ .... အဲ့တာ ကိုကို ၀ယ်လာခဲ့လို့ရမလားဟင် "

ချွေးမဖြစ်တဲ့ခခက အမေ့အပေါ် သားအရင်းဖြစ်တဲ့ သူ့ထက်ပိုပြီးသိတတ်နေတာကို မြင်ပြီး မိုးစျေစိတ်ထဲ အရှက်ရသွားမိသည်......

"အွန်း၀ယ်လာခဲ့မယ်လေ .... "

"အဲ့တာဆို ခခပိုက်ဆံပေးလိုက်မယ်နော်....ကြေးအိုးဆီချက်က အခုတစ်ပွဲ
ဘယ်လောက်တောင်ဖြစ်နေပြီလဲမသိပါဘူး "

"နေစမ်းပါကွာ.... လင်မယားချင်း ဘာလို့ ပိုက်ဆံစကားပြောနေတာလဲ .... ဒါနဲ့ စကားဆက်မိလို့ မေးရဦးမယ် "

ကိုကို့လက်တစ်ဖက်က ခခခါးလေးအား
ဖက်ပြီး ကျန်တစ်ဖက်က ခခမေးစေ့လုံးလုံးလေးကိုကိုင်ပြီး သူ့မျက်နှာအား
သေချာကြည့်စေသည်.....

"ခခ အဲ့ဒီပိုက်ဆံတွေက ဘယ်ကနေရတာလဲ ..... အမြဲ ဟိုနှစ်ယောက်ကို ၅၀၀/၁၀၀၀ ပေးပေးနေတာ အခုထိ
မကုန်သေးဘူးလား "

"ဟီး မကုန်သေးပါဘူး .... အမေက ဆိုင်သိမ်းလို့ ငွေရေရင် ခခကို ပိုတဲ့ အကြွေလေးတွေ ၁၀၀၀/၁၅၀၀ ပေးထားတတ်တယ် ကိုကိုရဲ့ ... တစ်ခါတလေဆို သုံးလေးထောင်တောင်ရတယ်.... ခခက အဲ့တာလေးတွေကို စုထားတာ "

🤍 တစ်ဖက်သတ်အချစ်ဆိုသည်မှာ 🤍Donde viven las historias. Descúbrelo ahora