🤍 အပိုင်း 4 🤍

20.5K 651 0
                                    

Unicode:

Unrequited Love Means~

🤍အပိုင်း 4🤍

ဒီနေ့ ခခ နိုးတော့ တစ်ယောက်ယောက်က တင်းကြပ်စွာ ပွေ့ဖက်ထားသလို မျိုးကြီး ခံစားရသည်။

မျက်လုံးကို သေချာဖွင့်ပြီး ကြည့်တော့မှ ကိုကိုရယ်လေ ခခကို ဖက်ပြီး အိပ်ပျော်နေတာ .... အလယ်မှာထားထားတဲ့ ဖက်ခေါင်းအုံးဟာလဲ ဘယ်ရောက်လို့ရောက်သွားမှန်းမသိ ....

ကိုကို့ ကိုယ်သင်းနံ့လေးကြားထဲမှာ နေနေရတာ တကယ်ကြည်နူးစရာကောင်းသည်....အောက်သို့ ငိုက်စိုက်ကျနေသည့်ဖြောင့်စင်းနေသော ကိုကို့မျက်တောင်တွေကို ရေတွက်နေရသည်မှာ အဲ့လောက်ထိ ပျော်စရာကောင်းမှန်း မသိခဲ့ .....

လေးကိုင်းသဏ္ဍာန် တွန့်ကွေးနေသော
ကိုကို့ နှုတ်ခမ်းတွေကို စိုက်ကြည့်မိရင်း
ခခ လည်ချောင်းတွေ အလိုလို ခြောက်သွေ့လာရသည် .....

စီးကရက်မသောက်တတ်သော ကိုကို့ရဲ့ နှုတ်ခမ်းတွေဟာ ယောကျာ်းလေးတန်မဲ့နှင်းဆီဖူးတွေလို ပန်းရောင်သမ်းနေသည်.....

ကိုကို မသိအောင် ချိုမြိန်တဲ့ အနမ်းလေးတစ်ပွင့် ဖန်တီးလိုက်ရင် ဘာမှမဖြစ်လောက်ပါဘူးဟူသော အကြံလေးနဲ့ ခခ ကိုကို့ နှုတ်ခမ်းနား တိုးကပ်ရင်း အနမ်းလေးတစ်ပွင့်ပေးလိုက်မည် အပြု ကိုကို့ မျက်၀န်းတွေဟာ သူ့အလိုလို ပွင့်လာသည်....

နှုတ်ခမ်းကို ဆူထော်ထားသော ခခကို
ကိုကိုက သေချာကြည့်နေသည်....ခခတစ်ယောက်ရှက်ကိုးရှက်ကန်းဖြင့်..

"ကိုကို ....ခခကလေ "

ကိုကိုက ဘာမှမပြောဘဲ ခခကို ဖက်ထားသော လက်တွေကို ရုတ်လိုက်ပြီး အိပ်ရာမှ ထလိုက်သည်..... အိပ်ရာထဲတွင်တော့ ခခ တစ်ယောက်ထဲသာ ကိုယ့်ခေါင်းကိုယ်ထုပြီး ကျန်ခဲ့သည်.....

မိုးဈေ ရေတစ်ခွက်ခပ်ကာ မျက်နှာသစ်နေရင်းနဲ့ သူ့ကို ခိုးနမ်းရန်ပြင်နေသော ကောင်မလေး မျက်နှာကိုပြန်မြင်ယောင်တော့ အသံထွက်တဲ့ အထိရယ်လိုက်မိသည်......

သူမျက်နှာသစ်ပြီး အခန်းထဲပြန်၀င်လာတော့မှ
ကုပ်ကုပ် ကုပ်ကုပ်နဲ့ သူ့ဘေးမှ ဖြတ်ကာ အခန်းထဲထွက်ဖို့လုပ်နေသည်.....

🤍 တစ်ဖက်သတ်အချစ်ဆိုသည်မှာ 🤍Donde viven las historias. Descúbrelo ahora