🤍 အပိုင်း 15 🤍

21.1K 581 0
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 15 🤍

မိုးစျေ ပြောင်လက်ခမ်းနားနေသော ရတနာဆိုင်ကြီးထဲ ၀င်လိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းသို့ အအေးဓာတ်က စိမ့်ပြီး၀င်လာသည်.....

Air Con ကို ဘယ်လောက်အားနဲ့ ဖွင့်ထားလဲတော့မပြောတတ်ပေ ......

"မင်္ဂလာပါရှင့် "

သူ့ကိုတွေ့သည်နှင့် ဆိုင်ရဲ့ အရောင်း၀န်ထမ်းကောင်မလေး၂ယောက်က ဆီးကြိုနှုတ်ဆက်သည်.....

"ဟိုလေ ကျွန်တော့်ကို ဆွဲကြိုး Design ခပ်ဆန်းဆန်းလေးထဲက တစ်ချက်လောက်​ပြပေးပါလားဟင် .... ၁၅သိန်း၀န်းကျင်လောက်ထဲကပေါ့ "

"ဪ ဟုတ်ကဲ့အစ်ကို ညီမတို့ဆီမှာတော့လေ အဲ့စျေးဆို Design လေးတွေ တော်တော်စုံပါတယ်ရှင့် .... ခဏလေးနော် ညီမတို့ တစ်ခုချင်းစီ ပြပေးပါ
မယ် .... "

၀န်ထမ်းကောင်မလေးတွေပြတဲ့ထဲက
သူ့မျက်လုံးထဲ ပထမဆုံး ၀င်လာသော
ပလက်တီနမ် ကြိုးလေးကို ကောက်ယူလိုက်သည်.....

"အဲ့တာလေးက ဆိုင်ကို နောက်ဆုံးဒီဇိုင်းအနေနဲ့ ၀င်လာတာ အစ်ကို .... "

"ဒါက Garnet လားဟင် "

နီရဲတောက်နေသည့် ကျောက်ကလေးဖြင့်လုပ်ထားသည့် ဆွဲသီးလေးကိုကိုင်ပြီး
မိုးစျေမေးလိုက်တော့ ......

"ဟုတ် garnet ပါအစ်ကို .... ဒီ garnet က ကျန်တဲ့ garnet အမျိုးအစားတွေလို လိမ္မော်ရောင်ဘက်မသမ်းဘဲ အနီဘက်သမ်းနေတဲ့အတွက် သူ့အရည်အသွေးက ပတ္တမြားလိုပါပဲရှင့်....
ညီမတို့ Designer ရဲ့ နောက်ဆုံးထွက် လက်ရာမို့ design လေးကလဲ တော်တော်ဆန်းတယ်ရှင့် .... စျေးကလဲ 15 သိန်း 3သောင်းမို့ ဒီစျေးနဲ့ ဒီလိုအရည်အသွေးကတန်တယ်လို့ ပြောလို့ရပါတယ်ရှင့် ....."

ပလက်တီနမ်ကြိုးမျှင်မျှင်လေးမှာ အသည်းပုံသဏ္ဍာန် garnet ကျောက် ရဲရဲလေးနဲ့ ခခရဲ့ လည်တိုင်ဖြူဖြူလေးကို စပ်ဟပ်ပြီး တွေးကြည့်မိတော့ မိုးစျေ နှစ်ခါပြန်မစဥ်းစားတော့ဘဲ ဒါလေးပဲ ၀ယ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်.....

"ဟုတ် အဲ့တာဆို ကျွန်တော်ဒါလေးပဲ ယူမယ်နော် ..... အိမ်က မိန်းမကို လက်ဆောင်ပေးမှာမို့လေ Packaging ကို နည်းနည်းလှလှလေး ထုတ်ပေးလို့ရမလား မသိဘူးခင်ဗျ..... "

🤍 တစ်ဖက်သတ်အချစ်ဆိုသည်မှာ 🤍Donde viven las historias. Descúbrelo ahora