🤍 အပိုင်း 11 🤍

22.3K 631 2
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 11 🤍

"ကိုကိုတို့ ညီအစ်ကိုတွေကလဲ အရမ်းချေတာပဲနော် "

"ဘာကိုလဲ ခခရဲ့ "

"ဟွန့် ..... မပြောချင်တော့ပါဘူး မိုးစွေလဲ ကိုကိုနဲ့ တစ်ပုံစံထဲလာမှာသိလား "

အိပ်ရာ၀င်ချိန်ရောက်၍ ၂ယောက်သား အိပ်ရာထဲလှဲကာ တစ်ယောက်ကိုတစ်ယောက် ဖက်လျက် အနေအထားနဲ့ပဲ
မအိပ်ခင် ကြည်နူးစရာလေးတွေ တီတီတာတာ ပြောနေကြခြင်း ဖြစ်သည်.....

"အခု မိုးစွေက ဘာဖြစ်လို့လဲ "

"ဘာဖြစ်ရမှာလဲ ကိုကိုရယ် "

ခခ စကားကို အားပါပါ ပြောချင်၍ ကိုကို့ ရင်ခွင်ထဲမှ ကုန်းထလိုက်သည် .....

ခခ ထတော့ မိုးစျေပါ လိုက်ထလာရပြီး
ခေါင်းအုံးနှစ်လုံးကို ဆင့်ကာ ထောင်ပြီး မှီလျက်ပုံစံဖြင့် ခခပြောမည်ကို လက်ပိုက်ပြီး နားထောင်သည်.....

"နေ့လယ်က သူတို့ကျောင်းက ကောင်မလေးက သူ့စာအုပ်မေ့ကျန်ခဲ့လို့ လာပေးတာကိုလေ ကောင်မလေးကို ချေလိုက်တာဆိုတာ .... ဟို ကလေးမလေးကလေ သူ့နာမည်ကို မိတ်ဆက်ပြီး ရင်းနှီးချင်တဲ့ ပုံစံ အရမ်းကို ပေါ်လွင်နေတာကို
ကိုကို့ညီကလေ အဖက်တောင် မလုပ်ဘူးသိလား ......

ကောင်မလေးက ချစ်စရာလေးပါ ကိုကိုရယ်..... ဖြူဖြူဥဥ လေး နာမည်လေးက
ဘာပါလိမ့် ယွန်းမဒီတဲ့ .... ဒီဒီလို့ခေါ်လဲ ရတယ်တဲ့ .... ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို "

"အဟွန့် .... အဲ့တာကို ခခက မကျေနပ် ဖြစ်နေတယ်ပေါ့ ဟုတ်လား "

"ဟုတ်တယ်လေ .... အဲ့ ဒီဒီ ဆိုတဲ့ ကောင်မလေးကို မြင်ရတာ အရင်က ခခ ကို ပြန်တွေ့နေရတဲ့ အတိုင်းပဲ .... ခခတုန်းကလဲ မိန်းကလေး တန်မဲ့ ပတ်၀န်းကျင်က ဘာပြောပြော ကိုကို့ကို ကြိုက်မရှက် ငိုက်မရှက် လိုက်ခဲ့ရတာလေ .... ကိုကိုကဖြင့် ယူပြီးတဲ့အထိ ခခကို အဖတ် လုပ်ခဲ့တာမဟုတ်ဘူး "

နှုတ်ခမ်းတဆူဆူနဲ့ စိတ်ကောက်ချင်ဟန်ပြုနေသည့် ကောင်မလေးကို မိုးစျေ သဘောတကျနှင့် ခပ်ဟဟရယ်ပြီး ဆွဲဖက်လိုက်တော့လဲ နွေးအိနေတဲ့ ကိုယ်လုံး
လေးက ရင်ခွင်ထဲ အလိုက်တသင့်ပါလာ
သည်......

🤍 တစ်ဖက်သတ်အချစ်ဆိုသည်မှာ 🤍Donde viven las historias. Descúbrelo ahora