Unicode
"ဘယ်လိုလည်း သူလက်ခံလား"
" လက်မခံဘူး"
"ဘာလို့လည်း"
"သူကအချိန်ပိုင်းအလုပ်လုပ်တာကြောင့် အဆင်မပြေဘူးတဲ့"
"အော် အဲ့တော့သူလက်ခံလာအောင်မပြောနိုင်ဘူးပေါ့"
"မ...မဟုတ်ပါဘူး ကျွန်မပြောနိုင်ပါတယ် သူကိုပြန်စဥ်းစားပါအုန်းလို့ကျွန်မပြောထားပါတယ် သူလက်ခံလာအောင်ပြောပေးပါ့မယ်"
"လက်မခံရင်ရော..."
" သေချာပေါက်လက်ခံလာအောင်ပြောပါ့မယ်"
"ကောင်းပြီလေ အဲ့ဆိုကျွန်တော်သွားတော့မယ်"
"ဟုတ်ကဲ့"
ရိပေါ် ရုံးခန်းထဲကထွက်လာပြီး ရှောင်းကျန့်ရှိသွားဖို့စဥ်းစားလိုက်သည်။
ဒီအချိန်ဆိုသူနေ့လည်စာစားနေလောက်ပြီမလို့ ခြေလှမ်းတွေက စားသောက်ဆောင်ဘက်ကိုရောက်လာခဲ့သည်။
စားသောက်ဆောင်ထဲဝင်ဝင်ခြင်း အကြည့်တွေက ရှောင်းကျန့်ထိုင်နေကြနေရာလေးရှိရောက်သွားတော့ ရိပေါ်မျက်နှာထားကတင်မာသွားသည်။"ရိပေါ် အထဲမဝင်ဘဲဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ဘူး မင်းကအခုမှနေ့လည်စာ လာစားတာလား"
"အင်း လုပ်စရာကိစ္စလေးရှိနေလို့"
"အေးပါ''
ရိပေါ်နှင့် haikuanလည်း လူရှင်းတဲ့နေရာလောက်မှာထိုင်ပြီး နေ့လည်စာစားလိုက်ကြသည်။
" ရှောင်းကျန့် ဟိုမှာကြည့် နင့်ရိပေါ်ဘာဖြစ်လာတာလည်းမသိဘူး မျက်နှာထားကြီးကတင်းမာနေတာဘဲ"
"ဘယ်ကငါ့ရိပေါ်လည်း သူ့ဘာသာဘာဖြစ်ဖြစ်ပေါ့ နင်တအားစပ်စုတာဘဲ"
"နင်ကလည်း အဲ့လိုမပြောစမ်းပါနဲ့ ငါကနင်တို့နှစ်ယောက်အကြောင်းသိချင်လို့ပါ ဟုတ်တယ်မလား မုချင်နဲ့ကွမ်းရှန်း"
ချူလင်းက ဘေးကနေငြိမ်ပြီးထမင်းစားနေတဲ့ကွမ်းရှန်းနှင့်မုချင်ကိုပါ အဖော်စပ်လိုက်သည်။
"သူနဲ့ငါနဲ့က ဘာအကြောင်းမှမရှိပါဘူးဟာ လုံးဝကိုရှင်းလင်းနေတာဘဲ ဟိုတခါတုန်းကမင်းတို့ကိုပြောဖူးတဲ့ ကော်ဖီဆိုင်မှာဝင်တိုက်မိတာလွဲရင် ဘာအကြောင်းမှမရှိဘူး။"