Unicode
"ရောက်တာကြာပြီလား"
"မကြာသေးဘူး နာရီဝက်လောက်ဘဲရှိသေးတယ်"
"ဘယ်လိုလဲ အခြေအနေ"
"ထိုင်ပြီး ရေလေးသောက်ပါအုန်း ပြောပြပါ့မယ်"
ရိဝူက ထိုင်ခုံပေါ်ထိုင်ပြီး ရှောင်းကျန့်လှမ်းပေးတဲ့ ရေခွက်ကိုယူသောက်လိုက်သည်။ရေသောက်ပြီးတော့မှ သူသိချင်တာ ရှောင်းကျန့်ကို မေးလိုက်သည်။
"ချန်ရင်ကိစ္စဘယ်လိုဖြစ်သွားပြီလဲ"
"ကျွန်တော် ချန်ရင်တို့အိမ်ကိုသွားပြီး သူခိုင်းတဲ့ကိစ္စတွေအားလုံးလုပ်ခဲ့တယ်။ နောက်ပြီး ချန်ရင်ပြောတဲ့ စာအုပ်ကိုပါယူခဲ့တယ်။ ကျွန်တော်သေချာတော့မသိပေမယ့် အသုံးဝင်မယ်လို့ထင်တယ်။"
ရှောင်းကျန့် လွယ်အိတ်ထဲမှာထည့်ထားတဲ့ စာအုပ်ကိုထုတ်ပြီး ရိဝူကိုပေးလိုက်သည်။
"ချန်ရင်တို့ကမိသားစုလေးယောက်ရှိတယ်။ချန်ရင်အဖေက ကျန်းမာရေးသိပ်မကောင်းဘူး။သူ့အမေကကျ အိမ်မှုကိစ္စတွေလုပ်ပြီး သူ့ညီမကိုထိန်းရတယ်။ သူကမိသားစုရဲ့စားဝတ်နေရေး၊နေရေးထိုင်ရေးကစ အကုန်တာဝန်ယူပြီး မကောင်းတဲ့အရာတွေလုပ်နေရတယ်။အထူးသဖြင့် ကျွန်တော်တို့စုံစမ်းနေတဲ့ဆီမှာ သူကပင်တိုင်အဖြစ်ပေါ့"
"သူ့မိဘတွေပြောတော့ စားပွဲထိုးဆို"
"အင်း သူ့မိဘတွေကအဲ့အတိုင်းပဲသိကြတာလေ။ကောမလာခင်တုန်းက ကျွန်တော်သူ့စာအုပ်ကိုဖတ်ကြည့်ပြီးပြီး။ ကျွန်တော်တို့စုံစမ်းနေတဲ့လူက စားသောက်ဆိုင်သဘောမျိုးနဲ့ မြေအောက်မှာမကောင်းတဲ့အရာတွေလုပ်နေတာ။ နောက်ဆုံးမှာမြေပုံပါတယ် ကော သေချာကြည့်လိုက်"
ရိဝူ နောက်ဆုံးစာရွက်ကိုလှန်ကြည့်လိုက်တော့ အဆောက်အဦးရဲ့ မြေပုံစာရွက်လေးတွေ့လိုက်ရသည်။
မြေအောက်မှာ အခန်းလေးတွေတည်ဆောက်ထားပြီး တရားမဝင်တဲ့အလုပ်တွေကို မြေအောက်မှာလုပ်ပုံရသည်။"ချန်ရင်စာအုပ်ထဲမှာရေးထားတာက သူဒီအလုပ်တွေလုပ်နေရတာကို သဘောမကျတဲ့အတွက် တစ်နေ့နေ့တစ်ချိန်ချိန်ကျ သူဒီအလုပ်ကထွက်နိုင်ရင် ရဲတိုင်ဖို့ဆိုပြီး သက်သေတွေစုဆောင်းခဲ့တယ်။ ဒါပေမယ့်ကံဆိုးချင်တော့ သူအသတ်ခံလိုက်ရတယ်။"