Unicode
"မားပစ္စည်းတွေအားလုံးကို သေချာလုပ််ထားပြီးပြီနော်"
"မားပင်ပန်းသွားပြီ"
"မပင်ပန်းပါဘူး သားရယ် ဒါနဲ့တစ်ယောက်ထဲနေလို့ အဆင်ပြေရဲ့လား ဘာလို့ Hai Kuanနဲ့ တစ်ခန်းအတူတူမနေတာလည်း"
"တစ်ခန်းကိုတစ်ယောက်တည်းနေချင်လို့ပါ သားတစ်ယောက်တည်းပိုတောင်အဆင်ပြေသေးတယ်"
"အဆင်ပြေတယ်ဆိုပြီးတာပဲ ဒါနဲ့သား သူမကိုရောဖုန်းဆက်ပြီးပြီလား သားဆီကိုလာမယ်တဲ့လား"
" ဖုန်းကစက်ပိတ်ထားတယ် မား"
ညိုးကျသွားတဲ့ မျက်ဝန်းအရောင်တွေနှင့်အတူ ခပ်ယဲ့ယဲ့ပြုံးလျက် ပြောလာတဲ့ရိပေါ်ကြောင့် ကျင်းရှန်း မေးမိတာတောင်နောင်တရသွားသည်။
သူမနဲ့ပတ်သတ်ရင် သားကအမြဲတမ်းစိတ်ထိခိုက်လွယ်တယ်ဆိုတာ ဘာလို့များမေ့နေခဲ့တာပါလိမ့်။
ထပ်ပြောရင် သားဝမ်းနည်းနေမှာဆိုးလို့ အိမ်ပြန်ဖို့သာစဥ်းစားလိုက်သည်။"မားပြန်တော့မယ် တစ်ပတ်တစ်ခါအိမ်ပြန်လာနော် မပြန်လာဘူးဆိုရင်လည်း မားကိုဖုန်းဆက်"
"ဟုတ်မား အောက်ထပ်ကိုသားလိုက်ပို့မယ်လေ"
"ရတယ် သား လိုက်မပို့နဲ့တော့ မားသွားတော့မယ် တာ့တာ့"
"ဟုတ်"
ရိပေါ် မားကို နှုတ်ဆက်ပြီး အခန်းတံခါးပိတ်ကာ ကုတင်ဘေးမှာရှိတဲ့ဆိုဖာပေါ်ထိုင်လိုက်သည်။
စိတ်ညစ်ညူးမှုတွေကြောင့် သက်ပြင်းချရပေါင်းလည်းမနည်းတော့ပေ။
အခန်းထဲမှာပဲ တစ်ယောက်တည်းနေနေရင် တောင်တွေးမြောက်တွေးနဲ့စိတ်ညစ်နေမှာဆိုးသဖြင့် haikuanနှင့်အပြင်သွားဖို့ဆုံးဖြတ်လိုက်သည်။
အပြင်သွားဖို့အတွက် အဝတ်အစားလဲပြီးတာနဲ့ ပြတင်းပေါက်တံခါး၊မီးတို့ကိုသေချာပိတ် ပြီးပြီဆိုမှ အပြင်ထွက်ပြီး အခန်းတံခါးကိုသေချာပိတ်ကာ သူ့အခန်းဘေးက hai kuan အခန်းဆီကိုသွားလိုက်သည်။ဒေါက် ဒေါက်
ရိပေါ် တံခါးခေါက်ပြီးသိပ်မကြာဘူး hai kuanကတံခါးလာဖွင့်ပေးသည်။
"Hai kuanအပြင်သွားရအောင်"
"ဟာ အခုမှမင်းမားပြန်သွားတာမလား အောက်ထပ်မှာရှိချင်ရှိအုန်းမှာ သွားလို့ဖြစ်ပါ့မလား"