ရှောင်းကျန့်နှင့် ရိပေါ် အခန်းထဲလိုက်ရှာပေမယ့် မတွေ့။
ကလေးငိုသံက အဆက်မပြတ်ကြားနေရပြီး ဘယ်နားမှန်းလည်း မသိ။"ရိပေါ် ကလေးငိုသံကအခန်းတစ်ခန်းထဲကလာတဲ့ပုံပဲ"
"ဒါပေမယ့် ဒီမှာအခန်းမှမရှိတာ"
" သေချာအာရုံပြန်စိုက်ပြီး အသံနားထောင်ကြည့်ရအောင်"
သေချာအာရုံစိုက်ပြီး အသံကြားရာကိုရှောင်းကျန့်နှင့်ရိပေါ်သွားရင်း ပစ္စည်းတွေစုပုံထားသည့်နေရာရဲ့ နောက်ကနေအသံထွက်လာသည်။
"ရိပေါ် ပစ္စည်းတွေဖယ်ကြည့်ရအောင်"
"အင်း"
စုပုံနေသည့် ပစ္စည်းတွေဖယ်ရင်း နံရံကိုနားကပ်ကာ သေချာနားထောင်ကြည့်တာ့ နံရံနောက်က ကလေးငိုသံကိုကြားနေရသည်။
"ကျန့်ကော ဖယ်"
ရိပေါ် ဘေးနားမှာရှိသည့် ကုလားထိုင်ကိုဆွဲမပြီး နံရံပြစ်ပေါက်လိုက်သည်။
ထိုင်ခုံနှင့်ပြစ်ပေါက်လိုက်သည့်ဒဏ်ကြောင့် နံရံက အင်းဂတေများကွာကျလာသည်။
ရိပေါ် ပြစ်ပေါက်လိုက်သည့်နေရာက မြေအောက်ခန်းတံခါးတည့်တည့်ဖြစ်နေတော့ ရိပေါ်နှင့်ရှောင်းကျန့်လည်း ဘေးမှာရှိသည့် ခုံတွေနှင့်ထုပြီး လူတစ်ကိုယ်စာဝင်လို့ရမည့် အပေါက်ဖြစ်အောင်လုပ်လိုက်သည်။"ကျွန်တော့်နောက်က လိုက်ခဲ့။"
ရှောင်းကျန့်က အရှေ့ကအရင်သွားမလို့လုပ်ပေမယ့် ရိပေါ်က ရှောင်းကျန့်လက်ကိုဆွဲပြီး အရှေ့ကနေ မှောင်မှောင်မဲမဲထဲ ဓာတ်မီးတစ်လက်နှင့် ဝင်သွားသည်။
အနည်းငယ် ဆွေးချင်သလိုဖြစ်နေသည့် သစ်သားလှေကားပေါ်ကနေ နှစ်ယောက်သား သေချာဆင်းခဲ့ကြသည်။
အောက်ရောက်တော့ အခန်းပေါင်းများစွာကိုတွေ့လိုက်ရတာကြောင့် ရှောင်းကျန့်နှင့်ရိပေါ် အံ့သြသွားတယ်။"ကျန့်ကော ကလေးငိုသံမကြားတော့သလိုပဲ"
"အင်း ရိပေါ် အခန်းတွေကအများကြီးပဲ မထူးဆန်းဘူးလား"
"အင်း ဘာလုပ်ဖို့အဲ့လောက်အခန်းတွေများနေမှန်းမသိဘူး"
"ကြည့်ကြည့်ရအောင်"