Unicode
"ယုန်ပေါက် ပြန်ရအောင်"
"ဟမ် ငါကလာကြိုတဲ့ကားနဲ့လိုက်ရမှာလေ"
" ငါ့ဆိုင်ကယ်နဲ့လိုက်ခဲ့"
လက်ကိုဆွဲကာ သူနဲ့လိုက်ဖို့ခေါ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ရိပေါ်ကိုပြန်ပြောဖို့အခွင့်အရေးရလာပြီဆိုတဲ့အတွေး ဦးနှောက်ထဲဝင်လာသည်။
"မလိုက်ပါဘူး ငါ့ကိုကျောင်းကားနဲ့ပဲလိုက်ရမယ်လို့ လူတစ်ယောက်ကပြောထားတယ်"
ရွဲ့ပြောတဲ့ပုံလေးကိုကအရမ်းကိုချစ်စရာကောင်းနေတာမလို့ ရှောင်းကျန့်ရွဲ့ပြောပေမယ့် ရိပေါ်စိတ်မဆိုးနိုင်။
မျက်နှာလေးသာသေချာကြည့်ပြီး လက်ဆွဲခေါ်ကာ ဆိုင်ကယ်ရပ်ထားတဲ့နေရာကိုလာခဲ့သည်။"ရိပေါ် အဆောင်ကိစ္စကိုဘယ်လိုလုပ်ဖို့စဥ်းစားထားလည်း"
ရှောင်းကျန့် သူ့ကိုဦးထုပ်ဆောင်းပေးနေတဲ့ ရိပေါ်ကိုမေးလိုက်သည်။
"Hai kuan ကောသူ့ဘာသာစီစဥ်လိမ့်မယ် ငါလည်းအဲ့လိုမျိုးတွေကျ သေချာမသိဘူး။သွားရအောင် မင်းကိုမုန့်လိုက်ကျွေးမယ်။ဆိုင်ကယ်ပေါ်တက်တော့"
"Ok"
ရိပေါ် မုန့်ဝယ်ကျွေးမယ်လို့ပြောပြီး ခေါ်လာတဲ့နေရာက သူတို့နှစ်ယောက်ပထမဆုံးတွေ့ခဲ့တဲ့နေရာ။
တစ်ယောက်အပေါ်တစ်ယောက် အမြင်စောင်းခဲ့တဲ့နေရာလည်း ဖြစ်သလို၊ တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးသွားစေတဲ့ coffeeဆိုင်လေး။
ရိပေါ်က ဆိုင်ထဲရောက်တော့ သူကိုယ်တိုင် အစားအစာတွေကို သေချာရွေးမှာပြီး ရှောင်းကျန့်နှင့် စကားပြောနေသည်။"ရိပေါ် တကယ်လို့အဆောင်က ကိစ္စတွေအဆင်ပြေသွားရင် အဆောင်ကိုပြောင်းနေရမှာလား"
"အင်း ပြောင်းနေရမှာပေါ့။ ဘာလို့လဲ ကြောက်လို့လား။"
"အင်း နည်းနည်းပေါ့"
"မကြောက်ပါနဲ့ အကုန်အဆင်ပြေပြီဆိုမှ ငါပြောင်းနေခိုင်းမှာပါ"
"အင်း။ ဒါနဲ့မေးရအုန်းမယ် မင်းအသက်ဘယ်လောက်လည်း"
"18ပြည့်တော့မှာ"