part 32

5.1K 439 0
                                    

ရိပေါ်နဲ့ မတွေ့တာနှစ်ပတ်ကျော်ပြီ။
ရိပေါ်အဆင်ပြေရဲ့လား မသိပေမယ့် သူကတော့အဆင်မပြေပါ။
အချိန်တိုင်းလွမ်းနေရသည်။

ဒီနေ့ ရိပေါ်ပါးပါးကို တရားရုံးမှာအမိန့်ချမည့်နေ့။
အခြေအနေတွေ ဘယ်လိုဖြစ်လာမယ်မှန်းမသိပေမယ့် ဝမ်သူဌေးပြောတဲ့ သူ့ရဲ့လူယုံကိုဖမ်းပြီး စစ်ဆေးမေးမြန်းတော့ မသိဘူးလို့သာ ငြင်းနေသည်။
ဝမ်သူဌေးဘက်ကလည်း သူမလုပ်ဘူးဆိုတဲ့သက်သေတွေ ထုတ်ပြသည်။
ရှောင်းကျန့် ထပ်ပြီးလိုက်ရှာထားတဲ့သက်သေတွေအရ အရင်တုန်းက ဝမ်သူဌေးသည်
ယခုကျောင်းဆောက်ထားတဲ့မြေကွက်ကို စိတ်ဝင်စားခြင်းမရှိသလို၊ ကျောင်းဆောက်တုန်းကလည်း လာကြည့်ခြင်းမရှိပေ။
ဝမ်သူဌေးပြောတာက အမှန်ဖြစ်နိုင်မလား မသိပေမယ့် သက်သေတွေအားလုံးစုပေါင်းကြည့်ရင်တော့ ရလဒ်တစ်ခုတော့ထွက်လာမည်။

ရှောင်းကျန့် ကိုယ်လုံးပေါ်မှန်က သူ့ပုံရိပ်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
လူရုပ်တောင်သိပ်မပေါ်တော့သလိုဘဲ စိတ်ဓာတ်ကျသွားရင် မစားနိုင်မသောက်နိုင်ဖြစ်တက်ပြီး အလုပ်ကိုဖိလုပ်တော့ ပိုဆိုးသွားသည်။
တရားရုံးသွားရမည့်အချိန်လည်း ရောက်တော့မှာမလို့ ရှောင်းကျန့် ကားသော့ယူပြီး ထွက်လာခဲ့သည်။

~

" ရှောင်းကျန့် ဂရုစိုက်အုန်း"

"အင်းပါ ရိဝူကော"

"အရမ်းပိန်သွားတယ်။ အလုပ်တအားဖိမလုပ်နဲ့။ ကောတို့တရားခံအစစ်ကို ဖော်ထုတ်နိုင်မှာပါ စိတ်မပူနဲ့"

ရှောင်းကျန့် ရိဝူကောကို ပြုံးပြလိုက်သည်။
အလုပ်တွေဖိလုပ်နေသည်ဆိုတာက တစ်ယောက်သောသူကို လွမ်းလွန်းတာကြောင့် မေ့ပျောက်နေအောင် အလုပ်တွေဖိလုပ်နေသည်ဆိုတာ မပြောပြတော့ပါ။

ခဏလောက်ကြာတော့ ဝမ်သူဌေးနှင့်သူ့၏လူယုံဖျင့်ကျင့်ဆိုတဲ့သူကို ရဲနှစ်ယောက်ကတစ်ဖက်စီမှာနေကာ ခေါ်ထုတ်လာခဲ့သည်။
တရားသူကြီးရောက်လာသည်နှင့် ကျန်ရှိနေသေးသည့်သက်သေအချို့ကို တရားသူကြီးထံ ရှေ့နေများတင်ပြသည်။

SECRET ( Completed)Where stories live. Discover now