Chapter-5(Unicode)

87.1K 7.1K 721
                                    


ယနေ့မနက် လင်းထက်၊ ကောင်းကင်ယံနှင့် ဝေဝေတို့ သုံးဦးသည် အလွန်တက်ကြွလှုပ်ရှားနေကြသည်။ အကြောင်းမှာ OG ward နှင့် မျက်နှာချင်းဆိုင်ရှိ OGOT သို့ လိုက်၍ကြည့်ရှုလေ့လာခွင့်ရမည်ဆိုသောကြောင့်ဖြစ်သည်။

OGOT သည် ရိုးရိုးမွေး၍မရသော မိခင်လောင်းများကို ဗိုက်ခွဲမွေးခြင်း၊ အခြားအမျိုးသမီးနှင့် သက်ဆိုင်သည့် ရောဂါများအတွက် ခွဲစိတ်ကုသပေးခြင်း၊ သားကြောဖြတ်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပေးသော အမျိုးသမီးနှင့်သက်ဆိုင်သည့် ခွဲစိတ်ခန်းဖြစ်သည်။

ရိုးရိုးမွေးခြင်းကို ထုံးလိုမွှေ ရေလိုနှောက်နီးပါး ကျွမ်းကျင်းနေကြပြီဖြစ်သော်လည်း ခွဲမွေးခြင်းကိုတော့ မျက်မြင်လက်တွေ့ မလေ့လာရသေးပေ။

ထို့ကြောင့် ဦးဖြိုးစည်လင်းသူ ခွဲခန်းဝင်မည့်အချိန်ကို သူတို့ မျှော်လင့်တကြီးစောင့်စားမိကြသည်။ ယနေ့မနက် ထိုလူကြီးက အလုပ်အနည်းငယ်ရှုပ်နေပုံရသည်။ ထို့ကြောင့် လင်းထက်တို့ကို OGOT သို့မသွားခင် OGOT နှင့် ပတ်သတ်သော လုပ်ငန်းဆောင်တာများအား သေချာရှင်းပြရန် မအားနိုင်ဖြစ်နေသည်။

OGOT ထဲကို လူနာပို့ရင်းဖြင့် လင်းထက် တစ်ကြိမ်မျှ ရောက်ဖူးခဲ့ပါသည်။ OGOT တွင် ခွဲစိတ်သည့်အခန်း နှစ်ခန်းရှိသည်။ ခွဲစိတ်ခန်းနှင့် လျှောက်လမ်းတစ်လမ်းခြား မျက်နှာချင်းဆိုင်တွင် ဝန်ထမ်းနားနေခန်းများနှင့် ပစ္စည်းသိမ်းဆည်းသည့်အခန်းများရှိသည်။

OGOT အတွင်းသို့ဝင်လျှင် ခွဲခန်းဝတ်စုံဝတ်ရသည်။ နှာခေါင်းစည်း တပ်ရသည်။ ခေါင်းဆောင်း ဆောင်းရသည်။ ဖိနပ်လဲရသည်။ လူများ၏ ကိုယ်တွင်းအင်္ဂါများကို ဖွင့်ဖောက်ခွဲစိတ်ရခြင်းဖြစ်သဖြင့် အခန်းတွင်း တိုက်ခတ်သည့် လေကအစ ပိုးကင်းသန့်စင်မှုကို အဓိကထားရသည်။

လင်းထက်တို့ အထဲရောက်တော့ မိခင်နှစ်ဦးကို ခွဲစိတ်ဖို့ပြင်ဆင်နေကြပြီဖြစ်သည်။

"Room-1 ကို လင်းထက်နောင်နဲ့ ဝေနှင်းသွယ်ဝင်၊ ကောင်းကင်ယံက ငါနဲ့ room-2 ကို လိုက်ခဲ့"

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now