After Falling In Love-3(Unicode)

88.2K 6.4K 1.2K
                                    


ဖျားနာဆောင်ထဲမှ စာအုပ်ကြီးငယ်တို့အားပိုက်ရင်း ထွက်လာသည့် လင်းထက်နောင်တစ်ယောက် အလိုမကျစိတ်တို့ဖြင့် မျက်နှာ တစ်ခုလုံးဆူပုပ်နေတော့သည်။

"အလကား ကောင်းကောင်း၊ ဘာမှသုံးစားမရဘူး၊ နေ့တိုင်း ငါချည်းပဲသွားရတယ်"

မကျေမချမ်းရေရွတ်ရင်း သူ့ဘာသူနေသည့် အုတ်နီခဲအား ခြေထောက်ဖြင့် လှမ်းကန်လိုက်သေးသည်။

နေ့စဥ် ဆေးရုံအုပ်ရုံးခန်းသို့ပို့ရသော လက်မှတ်ထိုးစာအုပ်၊ ရီပို့စာအုပ်တို့ကို များသောအားဖြင့် လင်းထက်တို့ အငယ်တွေက အလှည့်ကျပို့ပေးရသည်မှာ ထုံးစံဖြစ်သည်။ သို့သော် ယခု ဖျားနာ ဆောင်သို့ရောက်ကတည်းက ဒိုင်ခံပို့ရသည်မှာ လင်းထက်တစ် ယောက်တည်းသာဖြစ်လေသည်။ ကောင်းကင်ယံက အဖွဲ့ခေါင်း ဆောင်အစ်ကို၏နောက်သို့ တစ်ကောက်ကောက်လိုက်နေရသော ကြောင့် ထိုတာဝန်က လင်းထက်ခေါင်းပေါ်သို့ ယခုလိုပုံကျလာခြင်း ဖြစ်သည်။ ထိုမျှသာမက အခြားတိုလီမိုလီအသေးစိတ်များအား လည်း လင်းထက်တစ်ယောက်တည်းသာ ဒိုင်ခံလုပ်ရသည်။ ဝေဝေ ကလည်း အမျိုးသမီးအဆောင်ဘက်တွင် တာဝန်ချခံရသည်မို့ သူတို့ နှင့်အဖွဲ့ကွဲသွားသလိုဖြစ်သွားသည်။

လင်းထက် ဝဋ်လည်နေသလိုလည်း ခံစားရသည်။ သားဖွားဆောင်တုန်းက ဦးဖြိုးစည်လင်းသူ၏ ဂရုစိုက်အလေးပေးမှုကို ခံခဲ့ရသမျှ ဒီရောက်တော့ လင်းထက် ပလစ်ခံနေရသည်။ အဖွဲ့ခေါင်းဆောင်ကိုထိုက်စံက ကောင်းကင်ယံကိုပဲ ပိုပြီး ဂရုစိုက်တာအသိအသာကြီး။ ဟိုလူကြီးက သူ့သူငယ်ချင်းကို လင်းထက်ကိုဂရုစိုက်ပေးဖို့ မှာထားတယ်ပြောလည်း တကယ်က အလကား။ ဘာမှဂရုမစိုက်ဘူး။ တစ်စိတ်ရှိ ကောင်းကောင်းရေ ကောင်းကောင်းရေ ဆိုတာချည်းပဲ။ လင်းထက်ကို မသင်ပြပေးတာတော့မဟုတ်ပါဘူး။ သင်ပြပေးပါတယ်။ ဒါပေမဲ့ မြွေမြွေချင်းခြေမြင်တာမို့ ဘယ်သူက ဘယ်​ခြေလှမ်းလှမ်းနေလဲ အသိအသာကြီး။

ကောင်းကောင်းကလည်း ကိုထိုက်စံကိုဆို ကြောက်လိုက်တာ ပျာနေတာပဲ။ ဟိုက တစ်ခွန်းဆို သူက နှစ်ခွန်းစာဟုတ်ကဲ့ပြီးပြီ။ တကယ်ပဲ လင်းထက်နောင်တို့ အထီးကျန်ပါသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now