After Falling In Love-12-2(Unicode)

53.9K 4.7K 466
                                    

“ညက ကောင်းကောင်းရော အိပ်ပျော်ခဲ့ရဲ့လား”

အကြင်နာမျက်ဝန်းများထက် ဂရုဏာလောင်းထပ်လို့ မေးလာသူအား ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြမိတော့ မျက်နှာတော် တစ်ချက်ညိုသည်။

ညကအလူးလူးအလိမ့်လိမ့်နှင့် အတွေးတို့ဗျာများလျက် အိပ်မပျော်ခဲ့သည်မှာအမှန်။ ထိုလူကြီးအား လှမ်းပြောပြချင်ပေမဲ့ နေ့လည်ကစိတ်အဆင်မပြေထားသည့်သူအား အိပ်ရေးမပျက်စေလို၍ တစ်ယောက်တည်းအလူလူးအလိမ့်လိမ့်ကျော်ဖြတ်ခဲ့ရသည်။

မနက်မိုးလင်းမှ လူကိုယ်တိုင်တွေ့၍ပြောရန် ဂျူတီ အားသည့်လူကြီးအား ဆေးရုံသို့ လိုက်ပို့စေခဲ့လိုက်သည်။ အိမ်မှအထွက်တွင်တော့ ကိုကို့ကားနှင့် မေမေတို့အမြင်မှာ လိုက်လာစေပြီး လမ်းခုလတ်မှ ထိုလူကြီကြီး၏ကားနှင့်ပြောင်းစီးခဲ့တာ။ ကြည်ဖြူစွာ ကူညီပေးသည့် ကိုကို့ကို ထိုလူကြီးက ကျေးဇူးတင်ကြောင်း အလေးအနက်ဆိုချိန် ကိုကိုကလည်း အားပေးစကားတို့ဖြင့် ဖက်လှဲတကင်း နွေးထွေးပေးခဲ့သည်။

ကျေးဇူးတင်ရမည့်အရာတစ်ခုမှာ မေမေတို့က သည်ပြဿနာတစ်ခုကြောင့် အိမ်ပြင်မထွက်ရ၊ အစ်ကိုနှင့်မဆက်သွယ်ရဟူ၍ မချုပ်ချယ်ခြင်းဖြစ်သည်။ သူတို့လက်မခံဘူး၊ သဘောမတူဘူးဆိုတာကိုသာလျှင် သိစေသည်။ ဒါကိုမှ လင်းထက်က ရှေ့ဆက်တိုးမည်ဆိုလျှင်လည်း တားကြမည်တော့မဟုတ်။ သို့ပေမဲ့ နာကျင်သွားကြပြီး ဆက်ဆံရေးတွေအေးစက်သွားရမည်မှာတော့ အသေအချာ။

ထိုကဲ့သို့ မေမေတို့နှင့်အေးစက်သွားရမည့် ဆက်ဆံရေးမျိုးကိုလည်း သူမလိုချင်ပါ။ အစ်ကို့အမေက လင်းထက်ကိုနွေးထွေးစွာ ကြိုဆိုခဲ့သလို၊ အစ်ကို့ကိုလည်း မေမေတို့က နွေးထွေးစွာကြိုဆိုတာမျိုးဖြစ်စေချင်သည်။

ယခုတော့ အစ်ကို့ကို အလွန်အားနာရသည်။ ကိုယ့်ဘက်ကကြည်ဖြူပါလျက်နှင့် သူ့ဘက်ကမကြည်ဖြူပါ့လားဟူသည့်အတွေးတွေနှင့် အစ်ကိုစိတ်ခုသွားမှာ အလွန်ကြောက်သည်။

“သည်နေ့မနက်ရော မေမေတို့နဲ့ စကားပြောဖြစ်ခဲ့သေးလား”

“ဟင့်အင်း၊ မနက်စာစားတုန်းက တွေ့ပေမဲ့ မေမေရောဖေဖေရာ ဘာမှတော့ မပြောဘူး”

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now