After Falling In Love-9(Unicode)

71.1K 4.7K 832
                                    

တဖြည်းဖြည်းမြင့်တက်လာသော နေလုံးနှင့်အတူ နေရောင်ရင့်ရင့်က သားဖွားဆောင်နှင့်အရိုးဆောင်ကြားရှိ ကွင်းပြင်ကျယ်ထဲသို့ ခပ်စူးစူးကျရောက်လာသည်။

လင်းထက်နောင်တစ်ယောက် ထုံးစံအတိုင်း မနက်ခင်းရီပို့ ပို့ရန်အတွက် ထွက်လာရင်း နေရောင်စူးစူး၏ရောင်ပြန်ဟပ်မှုကြောင့် ကျိန်းသွားသော မျက်လုံးများကို လက်ဖြင့်အသာကာလိုက်ရရင်း ဟိုလူကြီးထံ ဖုန်းခေါ်လိုက်သည်။

"ဟဲလို အစ်ကို၊ ကျွန်တော်ထွက်လာပြီနော်"

"အင်း ကိုယ်ဆင်းလာမယ်၊ ခဏစောင့်"

မနက်အလုပ်လာကတည်းက ရီပို့သွားပို့လျှင် သူ့ကိုပါလှမ်းပြောဖို့ ထိုလူကြီးက မှာထားခဲ့လေသောကြောင့်။ လင်းထက်တို့အရိုးဆောင်၏ CME ပြီး ယခုလက သားဖွားဆောင်၏ CME ရှိတာကြောင့် ဆေးရုံအုပ်ရုံးခန်းကို သူလည်း သွားစရာရှိသောကြောင့်တဲ့။

သိပ်မကြာ။ တစ်ခါတည်း ရီပို့စာအုပ်တွေပါ ယူလာဟန်ရှိသော ထိုလူကြီးက စာအုပ်နှစ်အုပ်နှင့်ဖိုင်တွဲအချို့ကိုကိုင်လျက် ဆင်းလာသည်။ အနားသို့မရောက်ခင်မှာပင် ခပ်မြူးမြူးပြုံးရင်းနှုတ်ဆက်မိတော့ ခပ်အေးအေးအပြုံးတစ်ပွင့်ကိုပြန်ရသည်။

နှစ်ယောက်အတူ စင်္ကြံလမ်းလေးအား ယှဉ်လျှောက်လာခဲ့တော့ လေအဝှေ့မှာ စန္ဒကူးနံ့သင်းသင်းကို တိတ်တဆိတ်ခိုးရှိုက်ရသည်။

"CMEမှာ အစ်ကို ကေ့စ် ဖတ်မှာလားဟင်"

ဘေးတိုက်မြင်နေရသော ပုဆိုးကွက်စိတ်၏အောက်မှ ခြေဖမိုးဖွေးဖွေးအား တစ်ချက်ငေးရင်း မေးလိုက်သည်။ ခုရက်ပိုင်းထဲ သည်လူကြီး ပုဆိုးတွေအဝတ်စိတ်လာသလိုပဲ။

"အင်း ဖတ်ဖြစ်မယ်"

"ဟုတ်လား၊ အဲနေ့ ကျွန်တော် အိုပီဒီ လိုက်ရမဲ့နေ့ဖြစ်နေတယ်၊ လာနားထောင်ဖို့ အချိန်ရပါ့မလားမသိဘူး"

"မအားရင်လည်း မလာနဲ့၊ အားရင်တော့ လာခဲ့"

ရှင်းလင်းလွန်းလှသည့် အကြံပေးချက်ကြောင့် မျက်စောင်းမမြည်သောအကြည့်တစ်ချက်တော့ ပို့မိပါသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now