YOUNG Magazineတိုက် Founderနှင့် သူစာ ချုပ်ချုပ်ဆိုခဲ့ပြီဖြစ်သည်။ လာမည့် ၁လပိုင်းကနေစ Male Modle တစ်ယောက်အနေနဲ့သူ အလုပ်လုပ်ရတော့မည်ဖြစ်သည်။
"ဂုဏ်ယူပါတယ် ရှောင်းကျန့်ရေ...
ကန်းပါး မင်းအတွက် ဂုဏ်ယူတယ်""ကျေးဇူးတင်ပါတယ်...ကျနော်အခုလို နေလာ နိုင်တာ ကန်းပါးကြောင့်ပါ။ မကြာခင်တက္ကသိုလ်ပြီးလို့ ကျနော် ဘွဲ့ရတော့မယ်။ ကျေးဇူးတင်စကားသေချာ မပြောနိုင်ခဲ့ပေမယ့် အခုတော့ ကျနော် တရားဝင်အလုပ်ရတော့မှာမို့ ပါးကို တရားဝင်ပြောချင်တယ်။
ဒီနေ့ကစပြီး ပါးတို့အတွက် အစစ အရာရာအားလုံးကို ကျနော် တာဝန်ယူပေးချင်တယ်။ "
"လိမ္မာလိုက်တဲ့ ကလေးလေး"
ကန်းပါးက အပျော်လွန်နေ၍ထင် သူ့အား ဘာမှမပြောပဲ ပွေ့သာဖက်ထားတော့သည်။
လူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးရတာ ဒီလိုခံစားချက်မျိုးပါလားဆိုသည့် စိတ်ကို ကျနော် ခံစားနေရသည်။ ရှောင်းကျန့် ဒီကောင်လေးက သိတတ်လိမ္မာတဲ့ကလေးလေး။ ဘာ့အတွက်ကြောင့် လူတစ်ယောက်ကို သတ်ခဲ့ရလောက်သည်အထိဖြစ်ခဲ့ရသည်လဲ။ သူ့အတိတ်ကို မတွေးချင်ရလောက်အောင် လက်ရှိ ရှောင်းကျန့်ကစိတ်သဘောထားပြည့်ဝသော သူဖြစ်သည်။ နွေးထွေးကြင်နာတတ်သော ကောင်လေးဖြစ်သည်။
"ညီမလေး ယွမ်ယွမ် ပြန်လာပြီလား"
"ရှောင်ကျန့် ကောကော"
ညီမလေး ဖေးယွမ်ယွမ်။ အသက်က၁၃နှစ်။
ကန်းပါးရဲ့ သမီးလေး ခုဆို ၇တန်းတက်နေလေပြီ။ သူ့ကိုလည်း အကိုအရင်းတစ်ယောက်လို သဘောထားကာ ချစ်ပေးသည်။"ကောကော ဒီနေ့ YOUNG magazineတိုက်ကိုသွားခဲ့တာလား"
"အင်း ညီမလေးက ဘယ်လိုသိတာလဲ"
"ကျောင်းကအပြန် သူငယ်ချင်းနဲ့အဲ့နားက စာအုပ်ဆိုင်သွားရင်း ကော အဲ့ထဲဝင်သွားတာ တွေ့လိုက်တာ"
"သူငယ်ချင်းနဲ့.... ကောင်လေးလား?
ကောင်မလေးလား?""ကောကလည်း ကောင်မလေးပါ "
YOU ARE READING
No reason