အနည်းငယ် ယိုင်နေသော ခန္ဓာကိုယ်ကို ထိန်းကိုင်ကာ ကော၏ အိမ်သို့ ရိပေါ် ရောက်လာခဲ့သည်။
"ဒီကောင်လေး သောက်လာတာလား"
"ဟုတ်ကဲ့"
"ကောကောကလေ အယ်လ်ကိုဟောနဲ့ မရဘူး
နည်းနည်းလေးသောက်တာနဲ့ များများမူးတာ..."ကလေးမလေးနှင့် ဦးလေးကြီးက ရှောင်ကျန့်ကို အခန်းထဲသို့ တွဲခေါ်သွားကြသည်။
အိပ်ယာထဲ အသာ လှဲနေစေပြီး
အိမ်အရောက်လာပို့ပေးသူ ရိပေါ်ကို ကျေးဇူးတင်ကြောင်းဆိုကြသည်။ရိပေါ်က ခွန်းတုံ့ပြန်ရင်း နှုတ်ဆက်ပြီး ထွက်လာခဲ့တော့သည်။
ထိုဦးလေးကြီးက ကော ရဲ့ပါးပါး ဖြစ်မည်။
ကလေးမလေးက ညီမလေးလား?
ကောနဲ့လည်း မတူကြပါလား?
အတွေးလွန်ရင်း ထိုသံသယကို ကောအိမ်ရှေ့နားတွင်သာ သူထားခဲ့လိုက်သည်။ရှောင်ကျန့် မနက်ခင်း အိပ်ယာနိုးတော့ မနေ့ညက အဖြစ်ကို သူရေးရေးလေးသာ မှတ်မိသည်။
တစ်စုံတစ်ယောက်က ကျောပိုးပြီး သူ့ကို ခေါ်လာခဲ့သလားပဲ။
ဝေးဝါးနေသောအသိကို သူက ဆက်၍ စဥ်းစားမနေတော့ဘဲ ချိန်းထားသည့် အချိန်နောက်မကျစေရန် ရေမိုးချိုးပြင်ဆင်ရတော့သည်။
လုံကောက သူ့ကို ရုံးခန်းထဲတွင်စောင့်လို့နေသည်။
ဒီနေ့ YOUNG Magazine ကြော်ငြာ စ. ရိုက်မည့်နေ့ဖြစ်သည်။ ကျောင်းခွင့်ယူထားရသည်။
"ရှောင်ကျန့် မနေ့ညက သောက်ထားတာလား"
"ဟုတ်တယ် လုံကော နည်းနည်းသောက်ထားတာ"
"ကိစ္စတော့မရှိဘူး မင်းကြည့်ရတာ သိပ်မလန်းတဲ့ပုံပဲ
မိတ်ကပ်ပြင်ပြီးရင်တော့ ကြည့်ကောင်းသွားမှာပါ။မှန်ကြည့်ပြီး များများ အရယ် အပြုံးလေး လုပ်ပေးနေ။ ...
ဒီနေ့ မင်းရဲ့အပြုံးလှလှကို မဂ္ဂဇင်းစာအုပ်မှာ မျက်နှာဖုံး အဖြစ်ထည့်ပေးတော့မှာ...
ကြိုးစားထား!!!"
YOU ARE READING
No reason