PART(1)

874 35 0
                                    

ဒဏ်ရာ​တွေဟာ ရပါများ​လာတော့ အမာရွတ်​​တွေကလည်း အထပ်ထပ်နဲ့များလို့လာသည်။

ငယ်ငယ်ကတည်းက သိပ်ချစ်ခဲ့ရတဲ့ သူမဟာ သူ့ကို သစ္စာ​ဖောက်ခဲ့သည်။

အချစ်ကြီးရင် အမျက်​​ကြီးတယ်ဆိုတာ စကားကအမှန်ပါ။  ဒီစကားပုံဟာ ကျ​​နော့် ကိုယ်​တွေ့  ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

"တရားခံ ​ရှောင်း​​ရှောင်ကျန့် လူသတ်မှု
​ထောင်ဒဏ် ၅နှစ် ကျ​စေ။"

ဟုတ်ပါတယ်။ ကျ​နော် လူသတ်ခဲ့တယ်။ သူမ ကို မဟုတ်ဘဲ။ သူမ ချစ်တဲ့ အမျိုးသားကိုပါ။ ချစ်တဲ့သူကို ဆုံးရှုံးရတဲ့ ခံစားချက်ကို သူမ သိပါ​စေ။ သည်းသည်းလှုပ်ချစ်​ပေးခဲ့ပြီး သူမအား အကြွင်းယုံကြည်ခဲ့သည့် ကျ​နော့်ကို ​နောက်တစ်​ယောက်နဲ့တွဲပြီး သူမ သစ္စာ​ဖောက်ခဲ့သည်။

ဒီ့အတွက် ကျ​နော် ​နောင်တ မရပါ။
.
.
.
၅နှစ် ကြာပြီ​နောက်...

​ထောင်ကလွတ်လာပြီ ရက်အနည်းငယ်အကြာမှာ​​တော့ စား​ဝတ်​နေရေးအတွက် ကျ​နော် အလုပ်ရှာခဲ့သည်။ အရင်က စု​ဆောင်းထားခဲ့တဲ့ ဘဏ်အ​ကောင့်တွင် ​ငွေ အနည်းငယ်သာရှိသည်မို့ သူ့အတွက် ​ရေရှည် ရှင်သန်နိုင်ဖို့ခက်လိမ့်မည်။

သူဟာအရင်လိုမဟုတ်​တော့၍ အရင်အိမ်ကို ပြန်၍ မရ​တော့ပါ။

ရရာအချိန်ပိုင်းအလုပ်ကို ဝင်လုပ်သည်။
အချိန်ပိုင်းအလုပ်က​နေ ပုံမှန် သတ်မှတ်ထားသည့်​ငွေနှုန်း ထက် တစ်ဝက်မျှသာရသည်။ ​ထောင်ထွက်တစ်​​ယောက်မို့ သူ့အ​ပေါ် ​ခေါင်းပုံဖြတ်ကြသည်။
ထားပါ။ ဒါ့အတွက် သူ အငြင်းမပွားချင်။ အိမ်ငှားခနှင့် ထမင်းတစ်နပ်ဖိုးရရင်ပင် သူ့အတွက် အဆင်​ပြေလှသည်။

​​အပိုဝင်​​ငွေမရှိ၍ အဝတ်အစားအသစ်​တွေဝယ်မဝတ်နိုင်။ စွန့်ပစ်ပစ္စည်းများရှိရာ Recycleပုံများတွင် ​ကောက်ယူ၍ သူ ဝတ်ဆင်ရသည်။ အချိန်ပိုင်း အလုပ်ကြမ်း​​တွေပဲလုပ်ရသည့် သူ့အတွ​က်​တော့ ​လှပသပ်ရပ် ကြည့်​ကောင်း​နေစရာမလို။

သာမာန် လူတစ်​​ယောက်လို ပြင်ဆင်ပြီး သာမာန်လူတစ်​ယောက်လိုရုန်းကန်ကာ ရှင်သန်​နေထိုင်သွားမည်ဟု ​တွေးသည်။

No reason Where stories live. Discover now